Part (1)

2K 61 0
                                    

မျက်ဝန်းအစုံမှာ မျက်ရည်တို့ က
ပြည့် လျှံလျက်  ။
ချောမောခန့် ညားအပြည့် နဲ့ ချစ်သူက
သူမ ရှေ့မှာ ငိုနေသည်တဲ့လား။
သူ့ မျက်ရည် တွေ က ချစ်ခြင်းအပြည့် နဲ့
သူ့ အကြည့်  တို့ ကို
မဖုံးကွယ်ထားနိင် ။
ချစ်သူနှစ်ယောက် တစ်ယောက်လက်ကို
တစ်ယောက် ဆုပ်ကိုင်လိုက်ကြသည် ။

''ဟယ်ရင်  ကိုယ်တို့  ဒီတိုင်း လမ်းမခွဲနိုင်ဘူး
ဒီဘဝမှာ အသက်ရှင်လျက် အတူ မရှိနိုင်ရင်
အတူသေကြတာပေါ့   ဒီနေရာက နေ ကိုယ်တို့  အတူခုန်ချကြတာပေါ့ ''

ချစ်သူရဲ့ စကားအဆုံးမှာ
သူမ ငိုတာကို ရပ်လိုက်ပြီး
ဘေးကို ငုံ့ ကြည့် လိုက်သည်။
လေ တဟူးဟူး တိုက်နေသည့် 
ချောက်ကမ်းပါးကို ကြည့် ရင်း
ကျောထဲ စိမ့် သွားပြီး နောက်ကို ဆုတ်လိုက်မိသေးသည်။
ချစ်သူက ဟန်ပါပါ ဆက်ပြောနေသည်။

''ဟယ်ရင် မင်းကသာ ကိုယ့် ဘဝရဲ့ အချစ်ဆုံးပါကွာ ကိုယ်တို့ ဘဝအဆုံးမသတ်ခင်
နောက်ဆုံးအနေနဲ့ အနမ်းလေးတော့ 
ပေးခဲ့ပါရ စေကွာ ''

သူမ မျက်ရည်တွေ အပြည့်နဲ့
ခေါင်းငြိမ့် ပြရင်း
မျက်လုံး ကိုမှိတ်ကာ
နှုတ်ခမ်းအစုံ ကို  ရှေ့တိုးလိုက်သည်။

''ဖြန်းးးး''

တင်ပါးဆီက  တစ်ယောက်ယောက်ရိုက်လိုက် သလို နာကျင်မှုကြောင့် 
မျက်လုံးဖွင့် ကြည့် လိုက်မိသည် ။
ချစ်သူ မှာ ပျောက်ချင်းမလှ ပျောက်လို့ 
ချောက်ကမ်းပါးထိပ်မှာ သူမတစ်ယောက်တည်း ။

'' ဆိုဟွန်း ရှီ  ရှင်ဘယ်ရောက် သွားတာလဲ ''

အော်ခေါ်နေတုန်းမှာပဲ
သူ့ အနောက် က အသံ ထွက်လာသည် ။

''အခုချိန်ထိ ဆိုဟွန်းရှီ နေတုန်းလား ဟမ်''

နောက်ကို လှည့် အကြည့် 
ချစ်သူ သည် သူ့ အမေလို စကတ်နှင့်  ဆွယ်တာအကျီ င်္ကို ဝတ်ထားလျက်
ခါးထောက်ရင်း ကြည့် နေလေသည် ။
သူမ မျက်လုံးတို့ သည် ပုစွန်မျက်လုံး ပြူးကျယ် သွားရင်း

''ဒါက ဘယ်လို ဖြစ်……………''

တုတ်တစ်ချက် က ခါးပေါ်
စပ်ဖျင်းဖျင်းကျလာတာကြောင့် 
မဖွင့် ချင် ဖွင့် ချင် မျက်လုံးတို့ က
ပွင့်လာရသည်။

မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}Where stories live. Discover now