ကျိုးယွင်ရှန့်မျက်လုံးမဖွင့်ရသေးခင်မှာပဲ နားထဲမှာ တစ်စုံတစ်ယောက်အလောတကြီးအော်ဟစ်နေသံကို ကြားရတယ်။
"ဒေါက်တာ ဘာဖြစ်တာလဲ။ အဆင်ပြေရဲ့လား။ လာကြပါဦး.......ဒီမှာဒေါက်တာ ဒဏ်ရာရထားလို့။"
ထိုသူဟာ အော်ဟစ်နေရင်းနဲ့ပဲ အကူအညီတောင်းဖို့ အပြင်ကိုပြေးထွက်သွားတယ်။အခန်းထဲမှာ ဘယ်သူမှမရှိမှန်းသေချာသွားတော့မှ ကျိုးယွင်ရှန့် ဖြည်းဖြည်းချင်းထထိုင်ရင်း အခန်းပတ်လည်ကို လေ့လာလိုက်တယ်။ အခန်းဟာ ဓာတ်ခွဲခန်းတစ်ခုဖြစ်ပုံရပြီး အခန်းပတ်လည်မှာ မှန်တွေကာရံထားတဲ့ ကြီးမားတဲ့စင်ကြီး ၃ ခုရှိနေတယ်။ စင်တစ်ခုချင်းစီပေါ်မှာ ဆေးရည်စိမ်ထားတဲ့ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေအပြင် ထူးဆန်းတဲ့ အပင်အမျိုးမျိုးနဲ့ တိရိစ္ဆာန်မျိုးစိတ်အချို့ကိုပါတွေ့ရတယ်။
အခန်းရဲ့လေထုဟာ ပိုးသတ်ဆေးနံ့ရောနေတဲ့ ဓာတုဆေးဝါးနံ့တွေအပြင် ဆေးရည်စိမ်ထားတဲ့ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကထွက်လာတဲ့ အနံ့အသက်တွေကြောင့် အော်ဂလီဆန်စရာကောင်းတယ်။ အဆောက်အဦးရဲ့အပြင်ဘက်မှာတော့ တိုက်ပွဲတစ်ခုဖြစ်နေပုံရပြီး ပေါက်ကွဲသံတွေ အဆက်မပြတ်ကြားနေရတယ်။
ကျိန်းသေတာတော့ အခုရောက်နေတဲ့နေရာဟာ ငြိမ်းချမ်းတဲ့နေရာလုံးဝမဟုတ်တာ သေချာသလောက်ပဲ။ ကျိုးယွင်ရှန့်ဟာ မူလခန္ဓာကိုယ်ရဲ့ အခြေအနေတွေကို အမြန်ဆုံးနားလည်ဖို့လိုတာကြောင့် AI ကိုချက်ချင်းဖွင့်လိုက်တယ်။ 007 ကပေးပို့တဲ့ အချက်အလက်တွေဖတ်ပြီးသွားတဲ့အချိန်မှာတော့ ကျိုးယွင်ရှန့်ဟက်ဟက်ပက်ပက်ကိုရီမောမိတယ်။
ကောင်းတယ်။ သူအခုရောက်နေတဲ့ကမ္ဘာဟာ ပျက်သုန်းအံ့ဆဲဆဲ ကမ္ဘာတစ်ခုပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အမည်ရင်းကတော့ ပိုင်မော့ဟန်ဖြစ်ပြီး တရုတ်ပြည်ရဲ့ အကြီးမားဆုံး သုသေတနဌာနတစ်ခုဖြစ်တဲ့ B Base ရဲ့ သုသေသနပညာရှင်တစ်ယောက်ဖြစ်တယ်။ အခုလက်ရှိမှာ B Base ဟာ Zombie ဗိုင်းရပ်စ်ကို ဟန့်တားနိုင်တဲ့ဆေးကို ဖော်စပ်နိုင်ဖို့ကြိုးစားနေတာဖြစ်တယ်။ ဒေါက်တာပိုင်ဟာ ဗိုင်းရပ်ကာကွယ်ဆေးအတွက်ဖော်စပ်ရာမှာ လူသားတွေရဲ့ခန္ဓာကိုယ်နဲ့စမ်းသပ်ဖို့ ဘယ်တုန်းကမှ လက်မရွံ့ခဲ့ဘူး။ တစ်နေ့တစ်နေ့ ပိုင်မော့ဟန်ကြောင့်သေသွားရတဲ့ သာမာန်ပြည်သူတွေနဲ့ စွမ်းအားရှင်တွေဟာ မရေမတွက်နိုင်အောင်ပဲ။ လူတွေကဒေါက်တာပိုင်ကို အရမ်းကြောက်ရွံ့ကြပြီး တချို့တွေကတော့ ဒေါက်တာပိုင်ဆိုအရမ်းရွံမုန်းကြတယ်။
YOU ARE READING
အမှောင်ထဲက [Face of the Devil] *Unicode*
FantasyOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိူးယွင်ရှန့်ဆိုတာသိပ္ပံခေတ်က hacker တစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord God ရဲ့ရွေးချယ်ခြင်...