Chapter 9.5

4.2K 526 6
                                    

ခဏအကြာမှာ ကျိုးယွင်ရှန့်ဟာ ကုတင်ပေါ်ထထိုင်လိုက်ပြီး တပ်မှုးကိုမေးလိုက်တယ်။ "ခင်ဗျားက ဘယ်သူလဲ?? ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သိလို့လား??"

တပ်မှုးလဲ ကုတင်ပေါ် ထထိုင်လိုက်ရင်း ဒေါက်တာပိုင် အနည်းငယ်သက်သောင့်သက်သာထိုင်နိုင်အောင် ခေါင်းအုံးအပျော့နှစ်လုံးကို ဒေါက်တာရဲ့နောက်ကျောမှာ ခုပေးလိုက်တယ်။ အဲ့ဒီနောက် မျက်လွှာချလိုက်ရင်း "ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မသိကြပါဘူး"

အရင်ဘဝတုန်းက ဒေါက်တာပိုင်နောက်ကို ငါးနှစ်၊ ခြောက်နှစ်လောက် လိုက်နေခဲ့တဲ့အတွက် ဒေါက်တာဟာ ဘယ်လောက်ထိမှတ်ဉာဏ်ကောင်းမှန်း သူသိတယ်။ ဒေါက်တာက သူ့ဘေးမှာရှိနေခဲ့တဲ့လူတွေဆို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် ပိုင်မော့ဟန်အမေးကို မရေမရာပြန်ဖြေလိုက်တယ်။ "အရင်တုန်းက ကျွန်တော့်မိသားစုဝင်တစ်ဦးကို ဒေါက်တာပဲခွဲစိတ်ပေးခဲ့တာ။ ခွဲစိတ်မှုကလဲ အရမ်းကို အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့ ဒေါက်တာ့ကို အရမ်းကျေးဇူးတင်နေခဲ့တာ"

ကျိုးယွင်ရှန့်လဲ ထပ်မမေးတော့ဘူး။ ဒေါက်တာပိုင်ဟာ သူ့ထက်တောင် မှတ်ဉာဏ်ကောင်းသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလုပ်ခဲ့တဲ့ ခွဲစိတ်မှုတစ်ခုကို အခုချိန်ထိ အသေးစိတ်မှတ်မိနေတတ်တဲ့လူမျိုး။ (T/N : ကိုယ်ဆို မနေ့ကကျက်ထားတဲ့စာ ဒီနေ့ဆိုမေ့ပြီ >_< ) ဒီလူဟာ ပိုင်မော့ဟန်နဲ့ဘာမှမပတ်သက်မှန်း ကျိုးယွင်ရှန့်သိတယ်။ နောက်ပြီး မူလအတိုင်းဆို နောက်နှစ်နှစ်ကြာပြီးမှ ဒီလူနဲ့ ဆုံတွေ့ရမှာ။ ကြည့်ရတာ တပ်မှုးလဲ ပြန်လည်မွေးဖွားလာခဲ့ပုံရတယ်။

သူမသေခင်တုန်းက တပ်မှုးဟာ သူ့ကိုပွေ့ထားရင်း အရမ်းကိုဝမ်းနည်းပူဆွေးနေခဲ့တာ။ ဒါ့ကြောင့် ဒီလူဟာ သူ့အပေါ် လုံးဝသစ္စာရှိတဲ့လူမှန်း ကျိုးယွင်ရှန့်သိတယ်။

"ဒေါက်တာ၊ ကျွန်တော့်နာမည်က ကျောက်လင်ဖုန်းပါ။ တကယ်လို့ ကျွန်တော့်ကိုယုံကြည်တယ်ဆို ကျေးဇူးပြုပြီး ဒေါက်တာ့နောက်ကိုလိုက်ခွင့်ပြုပါ။ ကျွန်တော် ဒေါက်တာ့ကိုကာကွယ်ပေးပါရစေ" တပ်မှုးဟာ အနည်းငယ်ဦးညွှတ်လိုက်ရင်း တလေးတစားပြောလိုက်တယ်။ ဟိုးအရင်ထဲက သူ့ရဲ့နှလုံးသားမှာ ဒေါက်တာပိုင်ရဲ့ ကိုယ်ကျိုးစွန့်မှုအတွက် နင့်နင့်နဲနဲခံစားခဲ့ရတာ။ သူ အရင်တုန်းက ဒေါက်တာပိုင်ကို မကာကွယ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် ဒီဘဝမှာတော့ ဘယ်သူမှ ဒေါက်တာ့ကို ထိခိုက်အောင် လုပ်ခွင့်ပြုမှာမဟုတ်ဘူး။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now