Chapter 9.10

4.3K 482 14
                                    

လိန်ချွမ်း ဒေါက်တာ့ရဲ့ကျောပြင်ကို ဖြေးညှင်းစွာပုတ်ပေးရင်း ဒေါက်တာ့ရဲ့ရင်ကြပ်ရောဂါကိုသက်သာစေရန်အတွက်  Healing စွမ်းအားတချို့ကိုလဲ လက်ဖဝါးကနေတစ်ဆင့် လွှဲပြောင်းပေးလိုက်တယ်။ ပြီးတာနဲ့ ဒေါက်တာ့အင်္ကျီတွေကို စတင်ဆွဲချွတ်တော့တယ်။

ကျိုးယွင်ရှန့်ရဲ့မျက်လုံးတွေပြူးကျယ်သွားပြီး သူ့အင်္ကျီကိုဆွဲချွတ်ဖို့ကြိုးစားနေတဲ့ လိန်ချွမ်းရဲ့လက်ကိုဖမ်းဆွဲလိုက်ကာ အလန့်တကြားမေးလိုက်တယ်။ "ဘာလုပ်တာလဲ!!!"

ကျောက်လင်ဖုန်းလက်ထဲမှာ ဓားတစ်ချောင်းချက်ချင်းရောက်လာပြီး ဒေါက်တာ့ဘေးနားကို အမြန်ပြေးသွားကာ တိုက်ခိုက်ဖို့အသင့်ပြင်လိုက်တယ်။ 😲

"မင်းအင်္ကျီတွေက အကုန်စိုရွှဲနေပြီလေ။ ခြောက်တဲ့တစ်စုံနဲ့ မြန်မြန်လဲပစ်မှ။ မဟုတ်ရင် အအေးပတ်လိမ့်မယ်။ အခုအချိန်မှာ မင်းရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတာမို့လို့ ဒီလိုအသေးစိတ်တွေကအစ သေချာဂရုစိုက်သင့်တယ်" လိန်ချွမ်း ကျောပိုးအိတ်ထဲက သန့်ရှင်းတဲ့အဝတ်အစားတစ်စုံထုတ်လိုက်တယ်။ ပြီးတာနဲ့ ဒေါက်တာ့ကို လက်မောင်းကြားထဲဆွဲထည့်လိုက်ပြီး အင်္ကျီအစိုတွေကိုချွတ်ပေးလိုက်တယ်။ သူ့ရဲ့အပြုအမူတွေက စစ်တပ်ခေါင်းဆောင်တစ်ယောက်ရဲ့ ခက်ထန်တဲ့အမူအရာတွေတစ်ခုမှမရှိဘူး။ လိန်ချွမ်းရဲ့အမူအရာက မသိရင် ကလေးတစ်ယောက်ကို ချော့မော့နေတဲ့နာနီအတိုင်းပဲ။

တကယ်လိုအပ်တဲ့အခြေအနေမှာမှမဟုတ်ရင် ကျိုးယွင်ရှန့်လဲ သူ့ရဲ့ခန္ဓာကိုယ်ကို ပေါ့ပေါ့တန်တန်သဘောထားပြီး လက်လွတ်စပယ်မနေရဲဘူး။ ဒါ့ကြောင့် ရုန်းကန်နေတာကို ချက်ချင်းရပ်လိုက်ပြီး လိန်ချွမ်းဆီမှာ လိမ်လိမ်မာမာနဲ့ အင်္ကျီအလဲခံလိုက်တယ်။

အတူတူဖြတ်သန်းလာတဲ့နေ့ရက်တွေလဲမနည်းတော့တာမို့ တခြားတပ်သားတွေအတွက် ဒီမြင်ကွင်းမျိုးက သိပ်မထူးဆန်းတော့ဘူး။ တာဝန်ကျေတဲ့ကလေးတို့မေမေလုပ်နေတဲ့ သူ့တို့ခေါင်းဆောင်ရဲ့အပြုအမူတွေက မြင်ရဖန်များလို့ ရိုးတောင်ရိုးနေပြီ။ ဒါပေမဲ့လဲ တချို့တွေကတော့ ကော်ကျစ်ရိန်အတွက် စိတ်မကောင်းကြဘူး။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now