Chapter 9.2

4.1K 500 2
                                    

အခုဆိုရင် လိန်ချွမ်းတစ်ယောက် ပိုင်မော့ဟန်ဘေးနားကနေ တကောက်ကောက်လိုက်နေခဲ့တာ နှစ်လတင်းတင်းရှိသွားပြီဖြစ်လို့ ထိုလူ့အပေါ်ထားတဲ့ သတ်ချင်ဖြတ်ချင်စိတ်တွေကတော့ အတော်အတန်လျော့ပါးသွားပြီဖြစ်တယ်။ ထိုလူကြွေးကျော်နေတဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ကပ်ဘေးအတွင်းကနေ ကယ်တင်မယ်ဆိုတဲ့ကိစ္စက အောင်မြင်လာမှာလားဆိုတာ သူ စောင့်ကြည့်ချင်သေးတယ်။ ပိုင်မော့ဆိုတဲ့လူက စိတ္တဇတစ်ယောက်ဆိုတာ သူ့အနေနဲ့ကျိန်းသေပြောရဲတယ်။ အဲ့ဒီလူရဲ့ဆေးဝါးစမ်းသပ်မှုဆိုတာကလဲ ထိုလူ့ရင်ထဲက ဖျက်လိုဖျက်ဆီးဝါသနာအတွက် စိတ်ဖျော်ဖြေရာသက်သက်ပဲ။

ဒီလိုလူမျိုးတွေရှိနေလို့ ကပ်ဘေးတွေဖြစ်လာရတာ။ ဒီလူတွေက Zombie တွေထက်တောင်ညစ်ပတ်သေးတယ်။ ဒီလိုလူမျိုးတွေကို လုံးဝသုတ်သင်ပစ်သင့်တယ်။ တကယ်လို့သာ သူ့ခန္ဓာကိုယ်ကိုပြန်ရပြီး ဒီအဖွဲ့အစည်းလက်ကနေလွတ်မြောက်တဲ့တစ်နေ့ ဒီမှာရှိနေတဲ့လူအားလုံးကို တန်ရာတန်ကြေးပြန်ပေးဆပ်စေရမယ်။

လိန်ချွမ်းဟာ အမုန်းတရားကြောင့် ပိုင်မော့ဟန်နဲ့ပတ်သက်လာရင် အထူးသတိထားတယ်။ နေ့စဉ်နေ့တိုင်း ပိုင်မော့ဟန်လုပ်သမျှအပြုအမူတိုင်းကို အမြဲလေ့လာခဲ့တဲ့နောက်သိလိုက်ရတာက အဲ့ဒီလူဟာ လူမှုရေးအသိဉာဏ်ခေါင်းပါးလွန်းတယ်ဆိုတာပဲ။ အသင့်စားခေါက်ဆွဲထုပ်ကိုဘယ်လိုပြုတ်ရသလဲဆိုတာတောင်မသိဘူး။ သူဟာတစ်နေ့ကို နှစ်နာရီ၊ သုံးနာရီလောက်ပဲအိပ်တဲ့အပြင် အချိန်ချွေတာဖို့ဆိုပြီး အဝတ်အစားတောင်မလဲဘူး။ (ညစ်ပတ်~~) တစ်ခါတရံ ရက်အတော်ကြာအောင် လုံးဝမအိပ်ဘဲ ဓာတ်ခွဲခန်းထဲမှာပဲ အချိန်ကုန်နေတတ်တယ်။ သူ့ကိုယ်သူ သံမဏိလူသားလိုပဲ။ ပိုင်မော့ဟန်ရဲ့အလုပ်စွဲတဲ့ရောဂါကတော့ သာမာန်လူတွေ ဘယ်လိုမှလိုက်လို့မီမယ်မထင်ဘူး။

အခုလဲ ပိုင်မော့တစ်ယောက် မိုက်ခရိုစကုပ်နဲ့ စမ်းသပ်ဖန်ပြား(petri dish)တစ်ခုကိုလေ့လာနေတယ်။ ခဏကြာတော့ စမ်းသပ်ဖန်ပြားကို Incubator ထဲထည့်လိုက်ပြီး သန့်စင်ခန်းရှိရာကိုလျှောက်သွားတယ်။ အဲ့ဒီနောက် သန့်စင်ခန်းတံခါးပိတ်လိုက်ပြီးနောက် အိမ်သာအဖုံးကိုဖွင့်လိုက်ပြီး အိမ်သာကြွေခွက်ရှေ့ဒူးထောက်ချလိုက်ကာ ခံတွင်းအပြည့်သွေးတွေထွေးထုတ်လိုက်တယ်။ အိမ်သာကြွေခွက်ထဲကရေတွေဟာလဲ သွေးရောင်လွှမ်းသွားတော့တယ်။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now