Chapter 9.8

4.2K 541 42
                                    

အနီရောင်နေလုံးကြီးဟာ အနောက်အရပ်ကို တဖြည်းဖြည်းနစ်မြုပ်ပျောက်ကွယ်သွားတယ်။ ယာဉ်တန်းဟာလဲ ခရီးလမ်းတစ်လျှောက်လုံး မရပ်မနားမောင်းနှင်လာခဲ့တယ်။ သူတို့တွေအခုရောက်နေတဲ့နေရာက တောအုပ်ထဲမှာဖြစ်တဲ့အတွက် Zombie တွေတော့ အများကြီးမတွေ့ရတော့ဘူး။ လမ်းတစ်လျှောက် ရွာငယ်လေးတွေကိုဖြတ်သန်းမောင်းနှင်လာရင်းနဲ့ လမ်းဘေးဝဲယာမှာ Zombie တစ်ကောင်စ၊ နှစ်ကောင်စ တွေ့ရတတ်ပေမယ့် သူတို့အတွက် ပြသနာတော့မရှိဘူး။ ထို Zombie တွေဟာ ကားအင်ဂျင်သံကြားရာကို အော်သံတွေနဲ့အတူပြေးလိုက်လာပေမယ့် ကားပေါ်ကစစ်သားတွေဟာ ခပ်မြန်မြန်ပဲလက်စတုံးပစ်လိုက်ကြတယ်။

သူတို့တွေဟာ ရှုစီရင်စုကနေ လက်နက်ခဲယမ်းတွေအမြောက်အများရလာခဲ့တဲ့အတွက် အားလုံးဟာ အလွန်ဝမ်းသာနေကြတယ်။ တစ်ကားလုံးဟာ ပျော်ပျော်ရွှင်ရွှင်ဝိုင်းဖွဲ့စကားပြောကြရင်း လမ်းတစ်လျှောက် သက်သောင့်သက်သာခရီးဆက်လာခဲ့ကြတယ်။ ဒါပေမယ့် လိန်ချွမ်းတို့ကားပေါ်မှာတော့ လေထုဟာ အတော့်ကိုငြိမ်သက်အုံ့မှိုင်းနေတယ်။

ကျောက်လင်ဖုန်းဟာ ခြေထောက်နှစ်ဖက်ကိုဆန့်တန်းကာ သက်သောင့်သက်သာထိုင်နေပြီး အပြင်ကရှုခင်းတွေကို ကြည့်လိုက်၊ ကော်ကျစ်ရိန်ရဲ့ ဖြူရော်နေတဲ့မျက်နှာကိုကြည့်ရင်း အဓိပ္ပာယ်ပါပါပြုံးလိုက်နဲ့ အလုပ်များနေတယ်။

ကော်ကျစ်ရိန်ကတော့ ဘေးကနေပြုံးစိစိနဲ့ကြည့်နေတဲ့လူကို ထထိုးပစ်လိုက်ချင်စိတ်တွေကို မနည်းကိုမြိုသိပ်နေရတယ်။ ကော်ကျစ်ရိန် လိန်ချွမ်းဖက်ကိုကြည့်ရင်း ပြောလိုက်တယ်။ "ခေါင်းဆောင်၊ ကျွန်တော်မှားသွားပါတယ်"

"တိုးတိုးနေ" လိန်ချွမ်းဟာ သူ့ရဲ့ပုခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ဒေါက်တာ့ကိုငုံ့ကြည့်ရင်း အလွန်တိုးညှင်းစွာပြောလိုက်တယ်။ ဒေါက်တာနိုးသွားတဲ့အရိပ်အယောင်ကိုမတွေ့တော့မှ အနည်းငယ်စိတ်သက်သာရာရသွားတော့တယ်။ ဒေါက်တာက သူ့ဘေးမှာ အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်ဆိုထဲက ဒေါက်တာ သူ့အပေါ်ထားတဲ့သံသယတွေကို လုံးဝဖယ်ရှားပစ်လိုက်ပြီမှန်း သိနိုင်တယ်။

အမှောင်ထဲက [Face of the Devil] *Unicode*Tempat cerita menjadi hidup. Temukan sekarang