Chapter 9.12

6.8K 613 38
                                    

နှစ်နှစ်အကြာမှာတော့ ရှုစီရင်စု Base ဟာ B-Base နဲ့ ပုခုံးချင်းယှဉ်ရပ်နိုင်တဲ့အထိ အင်အားတောင့်တင်းလာခဲ့တယ်။ ရှုစီရင်စုလက်အောက်မှာ ခိုလှုံသူဦးရေ တစ်သိန်းကျော်ထိရှိနေပေမဲ့ Base ရဲ့ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုစနစ်ကြောင့် နေထိုင်သူအားလုံးဟာ တန်းတူညီမျှအခွင့်အရေးကိုယ်စီရရှိကြတယ်။ ဒါ့ကြောင့်ပဲ နိုင်ငံအတွင်း Base ရဲ့ဂုဏ်သတင်းဟာ အထူးမွှေးပျံ့ပြီး လူတိုင်းက ရှုစီရင်စု Base ကို နတ်ပြည်အဖြစ်တောင် တင်စားခေါ်ဝေါ်ကြတယ်။

အန္တရာယ်အသွယ်သွယ်ကြားထဲကနေ အသက်ကိုရင်းပြီး တောင်ပိုင်းကိုခိုလှုံဖို့ရောက်လာသူတွေကလဲ တစ်စထက်တစ်စပိုမိုများပြားလာခဲ့တယ်။ မြောက်ပိုင်း Base တွေဟာလဲ တောင်ပိုင်းနဲ့ မဟာမိတ်အဖြစ်လာရောက်ပူးပေါင်းလိုကြောင်းကို လက်ဆောင်ပဏ္ဍာတွေနဲ့အတူ ကမ်းလှမ်းလာကြတယ်။ ပြိုကွဲလုနီးနီးဖြစ်နေတဲ့လူ့အဖွဲ့အစည်းကြီးဟာလဲ တစ်စထက်တစ်စပြန်လည်ကောင်းမွန်လာခဲ့တယ်။

ဒီမနက်မှာ လိန်ချွမ်း ဒေါက်တာ့ကိုဖက်ထားရင်းကနေ အိပ်မက်ကနိုးလာခဲ့တယ်။ ဒေါက်တာ့ဘေးနားကပ်ပြီး အစွမ်းကုန်ရိုးသားပြနေရှာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာကြောင့် လိန်ချွမ်း ဒေါက်တာမသိအောင် ခန္ဓာကိုယ်ကို ဂရုတစိုက်နေရာရွှေ့လိုက်တယ်။ လွန်ခဲ့တဲ့နှစ်ဝက်အတွင်း သူမနက်နိုးလာတိုင်းမှာ ဒီအခြေအနေက ဖြစ်နေကျပဲ။ တစ်ခါတလေဆို သူ့အိပ်မက်တွေထဲမှာ ဒေါက်တာ့ရဲ့မျက်ဝန်းတောက်တောက်လေးတွေနဲ့ ပြည့်နှက်နေတဲ့အခါ သူအိပ်မက်ကနိုးလာတဲ့အချိန်ဆို ဘောင်းဘီမှာစိုထိုင်းနေပြီ။ အဲ့လိုနေ့မျိုးဆို လိန်ချွမ်းခင်ဗျာ ရှက်လွန်းလို့ မျက်နှာတောင်မထားတတ်လောက်အောင်ပဲ။ လိန်ချွမ်း ဒေါက်တာမနိုးလာခင် ရေချိုးခန်းထဲအသည်းအသန်ပြေးပြီး ကိုယ့်ကိစ္စကို မြန်မြန်ရှင်းလိုက်ရတယ်။

လိန်ချွမ်း စားဖိုဆောင်မှာမနက်စာစားပြီးသွားတဲ့အခါ ထုံးစံအတိုင်း Zombie တွေကိုနှိမ်နင်းဖို့ အပြင်ကိုထွက်သွားတယ်။ ရှုစီရင်စုမှာ လာရောက်ခိုလှုံသူများပြားလာခြင်းကြောင့် သူတို့တွေအနေနဲ့ Zombie တွေရဲ့အန္တရာယ်ကနေ တတ်နိုင်သမျှနည်းပါးအောင်လုပ်ဆောင်ဖို့လိုအပ်တယ်။ လက်ရှိမှာတော့ ရှုစီရင်စု Base ကနေ မိုင်ရာပေါင်းများစွာပတ်လည်အတွင်းကို အန္တရာယ်ကင်းမဲ့ဇုန်အဖြစ်တောင်သတ်မှတ်နိုင်ပြီ။ ဒါ့အပြင် တခြား တောင်ပိုင်း Base တွေကပါ Zombie နှိမ်နင်းရေးလုပ်ငန်းကို အတူတကွလက်တွဲလုပ်ဆောင်လာကြတဲ့အတွက် တောင်ပိုင်းမဟာမိတ်နယ်မြေတစ်လျှောက်က Zombie တွေဘေးကနေ လုံးဝနီးပါးကင်းရှင်းသလောက်ရှိနေပြီ။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now