Chapter 9.6

4.2K 506 7
                                    

ကျောက်လင်ဖုန်းထွက်သွားတာနဲ့ တချို့လူတွေ အခန်းတံခါးကိုလာခေါက်ကြတယ်။ ကျိုးယွင်ရှန့်ဟာ ပစ္စတိုကို တိတ်ဆိတ်စွာဆုပ်ကိုင်ထားတယ်။ ဒီလူတွေက မယုံသင်္ကာဖြစ်နေတဲ့သာမာန်ပြည်သူတွေနဲ့ တခြားအဖွဲ့အစည်းက သူလျှိုတွေမဟုတ်ဘူး။ သူတို့ဟာ ဒေါက်တာကိုအဆက်အသွယ်လုပ်လို့ရရင် ဒေါက်တာပိုင်ကိုသူတို့နဲ့အတူခေါ်သွားနိုင်ဖို့ ကြိုးစားနေကြတဲ့လူတွေဖြစ်တယ်။

လိန်ချွမ်းနဲ့ ကော်ကျစ်ရိန်ဟာ ပိုင်မော့ဟန်ကိုသတ်လိုကြပေမယ့် တခြားလူတွေအတွက်တော့ ပိုင်မော့ဟန်ဆိုတာ Zombie ဗိုင်းရပ်ကာကွယ်ဆေးကို ဖော်စပ်ပေးနိုင်မယ့် တစ်ခုတည်းသောမျှော်လင့်ချက်၊ တစ်ခုတည်းသောအဖိုးတန်ရတနာဖြစ်တယ်။ လိန်ချွမ်းနဲ့ ကော်ကျစ်ရိန်တို့ဟာ အင်အားကြီး Base တစ်ခုကိုတည်ထောင်ထားတာမှန်ပေမယ့် သူတို့တွေ ပိုင်မော့ဟန်ကိုသတ်ဖို့ကြိုးစားတာက ကမ္ဘာကြီးရဲ့မျှော်လင့်ချက်တွေကို အဆုံးအစွန်ထိတွန်းပို့လိုက်သလိုပဲ။

ဒါကြောင့် ကျိုးယွင်ရှန့်မျက်လုံးထဲမှာတော့ သူတို့တွေဟာ သူ့ရဲ့ကယ်တင်ရှင်တွေမဟုတ်ဘူး။ ပိုင်မော့ဟန်ဆိုတာကို ဖျက်ဆီးပစ်မယ့်လူတွေပဲ။ ဒါ့ကြောင့် ဒီလူနှစ်ယောက်ရဲ့လက်အောက်ကလွတ်တဲ့နေရာကို ထွက်ပြေးနိုင်မှဖြစ်မယ်။ ကျိုးယွင်ရှန့်အနေနဲ့ တခြား Base တွေရဲ့အခြေအနေတွေကိုလဲမသိသေးတဲ့အတွက် အလျှင်စလိုနဲ့ အကူအညီသွားတောင်းဖို့လဲ မဖြစ်နိုင်ပြန်ဘူး။ အရင်ဆုံး သူနဲ့ကျောက်လင်ဖုန်းတို့ အခြေချလို့ရမယ့်နေရာတစ်ခုအရင်ရှာဖို့လိုတယ်။ ပြီးတော့မှ ပတ်ဝန်းကျင်က အင်အားကြီး Base တွေရဲ့သတင်းတွေကို စုံစမ်းရမယ်။ အရင်ဘဝကလိုမျိုး B-Base ကိုခိုလှုံပြီးတော့ ကာကွယ်ဆေးအောင်မြင်ပြီးခါမှ ထပ်ပြီးအသတ်ခံရတာမျိုးလဲမဖြစ်ချင်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ကိုအောင်မြင်သွားပြီဆိုထဲက သူ့အတွက်သေတာ၊ ရှင်တာက အရေးမပါတော့ဘူး။

တာဝန်အတွက်ဆိုခါမှ ကျိုးယွင်ရှန့်ဟာ လိန်ချွမ်းရဲ့သွေးနဲ့ပတ်သတ်ပြီးသတိရသွားတယ်။ အခုအချိန်မှာ လိန်ချွမ်းကို နိုင်ငံထဲမှာ အမြင့်ဆုံးစွမ်းအားရှင်အဖြစ် ယူဆလို့ရတယ်။ ကျိုးယွင်ရှန့်စိုးရိမ်တာက လက်ရှိမှာ ဘယ်သူကမှ လိန်ချွမ်းရဲ့သွေးကို လုံလောက်စွာယူပေးနိုင်လောက်အောင် အင်အားကြီးတဲ့လူမရှိမှာကိုပဲ။ ကံကောင်းထောက်မပြီး လိန်ချွမ်းကိုဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုရင်တောင်မှ လက်ရှိ လိန်ချွမ်းရဲ့ Healing အစွမ်းနဲ့ဆိုရင် ဒဏ်ရာက စက္ကန့်ပိုင်းအတွင်းပြန်ကျက်သွားတဲ့အတွက် သွေးအများကြီးမထွက်နိုင်ဘူး။ အဲ့ဒီအချိန်ဆို ဒေါသထွက်နေတဲ့လိန်ချွမ်းဟာ ဘယ်လောက်တောင်အငြိုးတကြီးနဲ့ ကလဲ့စားလိုက်ချေမလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ဘူး။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now