Chapter 9.11

4K 485 16
                                    

ကော်ကျစ်ရိန် မှန်လုံအိမ်တံခါးဝမှာရပ်ရင်း မြေစွမ်းအားရှင်တွေ ဥက္ကာခဲတွေကို ခြင်းအကြီးကြီးတွေနဲ့ လိုက်လံစုဆောင်းတာကို ရပ်ကြည့်နေတယ်။ တချို့လူတွေကတော့ အဆောက်အဦးခေါင်မိုးပေါ်တက်ရင်း ဥက္ကာခဲမိုးကြောင့်ပျက်ဆီးသွားတဲ့ အမိုးကို ပြန်လည်ပြုပြင်နေကြတယ်။

ဥက္ကာခဲအပိုင်းအစတွေ ကမ္ဘာမြေပေါ်ကျလာတာနဲ့ ဥက္ကာခဲထဲကအဆိပ်တွေဟာ မိုင်အတော်များများထိပျံ့နှံ့သွားပြီး ရေနဲ့မြေဆီလွှာကို ဆိုးဆိုးဝါးဝါးပျက်ဆီးစေတယ်။ ထိုသဘာဝပတ်ဝန်းကျင်ပျက်ဆီးဆုံးရှုံမှုဟာ နောင်နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာသည့်တိုင်အောင် အကောင်းပကတိအတိုင်းပြန်ဖြစ်နိုင်တော့မယ်မထင်ဘူး။ သူတို့သာ မြေဆီလွှာသန့်စင်ဆေးရည်ကိုမရခဲ့ရင် ဒီမြေပေါ်မှာ ဘာသီးပင်စားပင်တွေမှ စိုက်ပျိုးလို့ရတော့မှာမဟုတ်ဘူး။

အရင်ဘဝတုန်းက B-Base က မြေသန့်စင်ဆေးရည်၊ ရေသန့်စင်ဆေးရည်နဲ့ ဥက္ခာခဲသတ္တုမှန်တွေကိုအသုံးချပြီး ဘယ်လောက်တောင်ကြီးပွားသွားသလဲဆိုတာ ကော်ကျစ်ရိန်ကောင်းကောင်းမှတ်မိနေသေးတယ်။ ဘယ်လောက်တောင်လဲဆို B-Base ရဲ့တပ်သားတွေဟာ အမြုတေအတွက် အပြင်မှာ Zombie တွေနဲ့တိုက်ခိုက်စရာမလိုပဲ Level မြင့် Zombie အမြုတေတွေ Base ထဲလှိမ့်ဝင်လာတာကို အရံသင့်လေးထိုင်စောင့်နေရုံပဲ။ Base က လူအများစုက အပြင်မှာ စွန့်စွန့်စားစားနဲ့ လက်နက်ရိက္ခာတွေလိုက်လံစုဆောင်းဖို့မလိုဘူး။ လိုသမျှပစ္စည်းအားလုံးကို တခြား Base တွေက လာပို့ပေးရတဲ့အထိ ထိုပစ္စည်းသုံးမျိုးရဲ့ကျေးဇူးနဲ့ ကြီးပွားသွားကြတာ။

ကာယစွမ်းအားက တစ်ဦးတစ်ယောက်ချင်းစီ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ရုံလောက်သာအသုံးဝင်ပေမဲ့ လူသားမျိုးနွယ်တစ်ခုလုံး အန္တရာယ်တွင်းထဲက ဆွဲတင်နိုင်ဖို့ဆို ဉာဏစွမ်းအားကို အမှန်တကယ်လိုအပ်တယ်။ 'ခွန်အားကိုအရင်းပြုတဲ့သူတွေက အုပ်ချုပ်ခံလူတန်းစားတွေဖြစ်နေချိန်မှာ ဉာဏ်ပညာနဲ့အသက်ရှင်တဲ့သူတွေက အုပ်ချုပ်သူတွေဖြစ်လာကြတယ်' ဆိုတဲ့စကားတောင် ရှိတယ်မဟုတ်လား။ ကော်ကျစ်ရိန် အခုတော့ ဒီစကားရဲ့အရာရောက်မှုကို နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့နေရပြီလေ။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now