Chapter 9.3

4.1K 546 7
                                    

ဆွေးနွေးပွဲပြီးသွားတဲ့အခါမှာတော့ အဖြူရောင်ကုတ်အင်္ကျီဝတ်သိပ္ပံပညာရှင်တွေဟာ အစည်းအဝေးခန်းမကနေ ပြန်လည်ထွက်ခွာသွားကြတယ်။ ကျိုးယွင်ရှန့်လဲအခန်းထဲကနေထွက်ခွာဖို့ပြင်လိုက်ပြီး လှေခါးထောင့်နားအရောက်မှာ လက်တစ်ဖက်က သူသွားမယ့်လမ်းကို တားဆီးလာခဲ့တယ်။

"ဒေါက်တာပိုင် အားလုံးက လူသားမျိုးနွယ်ကိုကယ်တင်ဖို့ကြိုးစားနေကြတာပဲ။ ခင်ဗျားရဲ့စမ်းသပ်မှုက ဒီလောက်နှစ်တွေကြာလာတဲ့အထိ ဘာအကျိုးထူးမှ ရမလာခဲ့ဘူး။ ဒါပေမယ့် ကျုပ်ရဲ့စမ်းသပ်မှုကတော့ အောင်မြင်လုနီးပါးရှိနေပြီ။ ခင်ဗျားရဲ့ Project ကို ပိတ်သိမ်းလိုက်ပြီး ဘာလို့ ကျုပ်တို့အဖွဲ့ဆီမလာခဲ့တာလဲ။ ကျုပ်အဖွဲ့မှာ ကြီးကြပ်ရမယ့်နေရာအတွက် လူတစ်ယောက်လိုနေတာ။"

ပိုင်မော့ဟန်ဆိုတာ သုသေသနအဖွဲ့တစ်ခုကိုဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဝူဟန်ယွမ်ရဲ့ဖိတ်ခေါ်မှုဟာ တကယ်တော့ ပိုင်မော့ဟန်အပေါ် တမင်သက်သက်နှိမ့်ချစော်ကားရာရောက်တယ်။ နောက်ပြီးဝူဟန်ယွမ်ရဲ့ရည်ရွယ်ချက်က သူ့ကိုယ်ပိုင်အောင်မြင်မှုရဖို့အတွက် ပိုင်မော့ဟန်ရဲ့အရည်အချင်းကိုအသုံးချဖို့ပဲ။ ဝူဟန်ယွမ်ရဲ့ စမ်းသပ်မှုလုပ်ငန်းအပေါ် အထက်အာဏာပိုင်တွေက အလွန်အမင်းမျက်စိကျနေခဲ့ကြတာကြောင့် အစည်းအဝေးပွဲတစ်ကြိမ်ပြီးသွားတိုင်း သူ့အဖွဲ့အတွက်ရန်ပုံငွေနဲ့အထောက်အပံ့တွေဟာ ပိုမိုများပြားလာခဲ့တယ်။ တစ်ဖက်မှာတော့ ပိုင်မော့ဟန်ရဲ့အဖွဲ့ကိုအရေးပေးမှုတွေဟာ တစ်စတစ်စလျှော့နည်းလာပြီး ရန်ပုံငွေထောက်ပံ့ပေးမှုလဲ နည်းပါးလာခဲ့တယ်။

ကျိုးယွင်ရှန့် ရင်ထဲကဒေါသတွေကို အပြုံးတစ်ခုနဲ့ဖုံးကွယ်လိုက်ကာ ဖြေးဖြေးချင်းပြောလိုက်တယ်။ "ကျုပ်က Zombie တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ခင်ဗျားက ပိုကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးမျိုးစိတ်တွေကို တီထွင်ဖို့ကြိုးပမ်းနေတာပဲ။ ခင်ဗျားရည်ရွယ်ချက်က တကယ်ပဲ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဟုတ်ရဲ့လား။ လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့လုပ်နေတာ မဟုတ်ဘူးလား?? ဝူဟန်ယွမ်!! အပြစ်တစ်ခုဆိုတာ ကျူးလွန်ပြီးရင် သေခြင်းတရားနဲ့ပဲ ပြန်ပေးဆပ်ရလိမ့်မယ်။ ခင်ဗျားလဲ အနှေးနဲ့အမြန် ရင်ဆိုင်ရမှာပါ။" ကျိုးယွင်ရှန့် ပြောပြောပြီးချင်းမှာပဲ ဝူဟန်ယွမ်ရှေ့ကနေလှည့်ထွက်လာခဲ့တယ်။

အမှောင်ထဲက [Face of the Devil] *Unicode*Where stories live. Discover now