အခန်း ၈ (Chapter 8)

5.8K 666 29
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ စက်တင်ဘာလ ၈ရက်

"လာမယ့်စနေနေ့ကျရင် နေရဲမာန်တို့အဖွဲ့နဲ့ ဘောလုံးသွားကန်ဖို့ ချိန်းထားတယ်။ မင်း လိုက်ဦးမလား!?"

'စည်သူ'ရဲ့စကားကြောင့် စာလုပ်နေရင်းက သူ မော့ကြည့်လိုက်မိသည်။

"အဲ့ကောင် ပါမယ်ဆိုရင်တော့ ငါ မလိုက်တော့ဘူး။"

မျှော်လင့်ထားပြီးသား အဖြေတစ်ခုကြောင့် 'စည်သူ'က ခပ်အေးအေးပင် ပြန်ဖြေလေသည်။

"အဲဒါလည်း ကောင်း..."

"နေရဲမာန်က ခြေထောက်နာနေလို့ ဒီတစ်ပတ်တော့ လာမကန်လောက်ဘူး ထင်တယ်။"

'စည်သူ'ရဲ့စကားမဆုံးသေးခင်မှာပင် 'လွင်ဦး'က စကားဖြတ်ပြော‌လိုက်တော့သည်။ နေရာတကာ ၀င်ပါနိုင်လွန်းတဲ့ 'လွင်ဦး'ကို သူ မနေနိုင်တော့ဘဲ လှမ်းမေးလိုက်မိသည်။

"မင်းက ဘယ်ကနေ သတင်းကြားလာရပြန်ပြီလဲ!?"

'လွင်ဦး'က သူ့ကို စပ်ဖြဲဖြဲပုံစံဖြင့် ပြန်ဖြေလေသည်။

"ငါ့အသိမိန်းကလေးတွေထဲမှာ နေရဲမာန်ကို ကြိုက်နေတဲ့သူတွေ တော်တော်များတယ်။ သူတို့ဆီကနေ သတင်းတွေ ပြန်ကြားရတယ်လေ။"

"ဒါပေမဲ့ သူ့သူငယ်ချင်းတွေ ပြောတာကတော့ အဲ့နေ့ပွဲကျရင် သူလည်း လာမှာတဲ့။ အဲဒါကြောင့် ငါက မြင့်မိုရ်ကို မလိုက်ခိုင်းဖို့ စဉ်းစားထားတာ။"

"သူ လာလည်း ဘောလုံး၀င်ကန်မှာမှ မဟုတ်တာ။ အပတ်တိုင်း သူ့အစေခံလေးရဲ့အနားမှာပဲ နေ,နေတတ်တဲ့ဟာ။"

သူတို့နှစ်ဦးရဲ့အပြန်အလှန် ပြောစကားတွေကို နားထောင်နေရင်းက 'လွင်ဦး'ရဲ့စကားကြောင့် သူ ဒေါသထွက်သွားရတော့သည်။

"ဇေယျနောင်က အစေခံမဟုတ်ဘူး!!!"

အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့ဆီက အခုလိုမျိုး ဒေါသသံကို ကြားလိုက်ရချိန်မှာ 'စည်သူ'နဲ့ 'လွင်ဦး'တို့နှစ်ယောက်စလုံး အံ့အားသင့်ပြီး တိတ်ဆိတ်သွားလေသည်။ ခဏကြာမှ 'စည်သူ'က သူ စိတ်ဆိုးပြေသွားအောင် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now