(Unicode Version)
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်အလုပ်နားရက်မို့ ဖေဖေနဲ့အတူ ဘုရားသွားဖို့ သူ စီစဉ်ထားခဲ့လေသည်။ အရင်တုန်းက ဒီလိုနေ့မျိုးမှာ သုံးယောက်သွားနေကျဆိုတော့ သူ့စိတ်ထဲ တစ်ခုခု လိုအပ်နေသလိုပင်။
"ဇေယျနောင်ကို သတိရနေတာလား!?"
တန်ဆောင်းတစ်ခုမှာ ခဏအနားယူရင်း ငေးကြည့်နေတဲ့ သူ့စိတ်ကို ဖေဖေက သတိထားမိသွားလေသည်။
"အမြဲ အတူလာနေကျ နေရာတစ်ခုကို သူ ပါမလာတော့ နည်းနည်း နေရခက်တာမျိုးပါပဲ။ ဒါပေမဲ့ သားရဲ့စိတ်ကို ပြင်ဆင်ထားပြီးသားပဲလေ။ ကြာလာရင် နေတတ်သွားမှာပါ။"
"သူတို့နှစ်ယောက် လက်ထပ်တော့ ဘာလို့ သက်သေလိုက်ပေးခဲ့တာလဲ!?"
ဖေဖေ့ရဲ့အမေးကို သူ အေးအေးဆေးဆေးပင် တုံ့ပြန်ပေးခဲ့မိသည်။
"သူ့ဆန္ဒကို သားဘက်ကလည်း ဖြည့်ဆည်းပေးရမှာပေါ့။ နေရဲမာန်နဲ့ လက်ထပ်ပြီးသွားရင် အတူနေဖို့ အိမ်လေးကိုတောင် သူ အချိန်ပေးပြီး ဆောက်နေခဲ့တာလေ။ သားရဲ့ခံစားချက်ကို ဖယ်ကြည့်လိုက်ရင် သားအပေါ် သူ့ရဲ့ခင်တွယ်မှုက အစ်ကိုတစ်ယောက်လိုပါပဲ။ သူ့အစ်ကိုအနေနဲ့ လက်ထပ်ပွဲမှာ သက်သေဖြစ်ခဲ့ရတာကိုပဲ ကျေနပ်လှပါပြီ။"
"နေရဲမာန်ကိုရော ခွင့်လွှတ်ပေးနိုင်ပြီလား!?"
ထိုအမေးအတွက် သူ အဖြေမပေးသေးခင် ဖေဖေ့ကို လှမ်းကြည့်လိုက်မိသည်။
"ဖေဖေကရော!?"
ဖေဖေကတော့ သူ့ကို ပြုံးပြုံးလေးပင် အဖြေပေးခဲ့လေသည်။
"ဖြစ်ပြီးခဲ့သမျှတွေကို ရန်ငြိုးဖွဲ့နေလို့ ဘာမှ အကျိုးမရှိပါဘူး...သားရယ်။ သူလည်း သူနဲ့ ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားခဲ့ရပြီးပြီပဲ။ အခု သူ့ဆီမှာ ဇေယျနောင်ကလွဲရင် ဘာမှ မရှိရှာတော့ဘူးလေ။ ရေနစ်သူကို ဝါးကူမထိုးသင့်ပါဘူး။ ပြီးတော့ မနေ့ကစ,ပြီး သူက ဖေဖေ့သမက်ဖြစ်သွားပြီဆိုတော့ မိသားစုဝင်အသစ်လို့ပဲ သဘောထားလိုက်တယ်။"
YOU ARE READING
ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော (Bound By A Curse)