အခန်း ၁၀ (Chapter 10)

6K 629 41
                                    

(Unicode Version)


'နေရဲမာန်'၏ ဒိုင်ယာရီ


၂၀၁၀ခုနှစ်၊ ဩဂုတ်လ ၂၇ရက်

ကျောင်းပိတ်ရက်တွေဆိုရင် 'ဇေယျနောင်'ကို အိမ်မှာ ရှိမနေစေချင်ဘူး။ မာမီ့ရှေ့မှာ သူ ကြာကြာရှိနေရင် ပြဿနာကို လက်ယပ်ခေါ်သလို ဖြစ်နေမှာလေ။ နောက်တော့ ငါ အကြံတစ်ခု ရလိုက်တယ်။ ကျောင်းပိတ်ရက်တိုင်း သူငယ်ချင်းတွေနဲ့ ‌ဘောလုံးသွားကန်ဖို့ပေါ့။ ဒါဆို သူ့ကို မာမီနဲ့ဝေးရာဆီ ခဏတော့ ခေါ်ထုတ်သွားနိုင်မယ်မလား!? သူက စာလုပ်ချင်တာနဲ့ ငါ့အကြံကို လက်မခံချင်သလို လုပ်နေသေးတာ။ မာမီ့အဆူအငေါက်ကို ခံရတော့မလို ဖြစ်သွားလို့ ငါ့မှာ ၀င်ပြောလိုက်ရသေးတယ်။ စာအရမ်းလိုချင်တဲ့ ဒီကောင်လေးကို ငါ့စာအုပ်အဟောင်းလေးတွေလည်း ပေးလိုက်ရော ကျေနပ်တဲ့ပုံစံမျိုး ဖြစ်သွားတာ ငါ တွေ့လိုက်ရတယ်။ နောက်ဆို သူ့အတွက် စာအုပ်အသစ်လေးတွေ ငါ ၀ယ်ပေးရဦးမယ်။

-----------------


၂၀၁၀ခုနှစ်၊ ဩဂုတ်လ ၂၉ရက်

ငါ့အကြံက သိပ်‌တော့မဆိုးလှပါဘူး။ 'ဇေယျနောင်'ကို မာမီ့ရန်က ကယ်ပေးနိုင်ခဲ့သလို သူ့စာတွေကိုလည်း ငါ ကူပြီး ရှင်းပြပေးလို့ ရတယ်လေ။ ငါ ဘောလုံးတောင် ဆင်းမကန်ဖြစ်ဘဲ သူ့အနားမှာပဲ ထိုင်စောင့်ပေးနေမိတာ။ သူက သင်္ချာနဲ့ ကျက်စာတွေကို ရပေမယ့် အင်္ဂလိပ်စာမှာ နည်းနည်း အားနည်းတော့ အသံထွက်လေးတွေ ပီသအောင်လို့ ငါ ပြင်ပေးခဲ့ရသေးတယ်။ ပြီးခဲ့တဲ့လက အဆင့်နှစ်ရခဲ့တဲ့ သူ့ကို ဒီတစ်လတော့ အဆင့်တစ်ရအောင် လုပ်ပေးရမယ်။ သူများနားလည်အောင် စာသင်ပေးရတာက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ သင်ပေးလိုက်လို့ သူ စာရသွားတာလေးကို မြင်ရတာ ပျော်စရာကောင်းသလိုပဲ။

---------------


၂၀၁၀ခုနှစ်၊ ဩဂုတ်လ ၃၀ရက်

‌'မျိုးမင်း'ကို ငါ့အဖွဲ့ထဲက ထုတ်ပစ်လိုက်တယ်။ သူက ကိုယ့်အမှားကို ၀န်ခံချင်စိတ်လည်း မရှိဘူး။ 'ဇေယျနောင်'ကို ပြန်တောင်းပန်ရင် အဖွဲ့ထဲမှာ ဆက်ထားမယ်လို့ ငါ ပြောခဲ့သားပဲ။ သူ့လမ်းကို သူ ရွေးသွားတာတော့ ဘယ်တတ်နိုင်ပါ့မလဲ!?

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Où les histoires vivent. Découvrez maintenant