အခန်း ၁၉ (Chapter 19)

4.7K 542 46
                                    

(Unicode Version)


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၃ရက်

"မြင့်မိုရ်..."

ကျောင်းပိတ်ရက်မို့ ခြံထဲမှာ စာထိုင်ဖတ်နေတဲ့ သူ့ကို 'နွေဦးမေ'က ခြံတံခါး၀ကနေ လှမ်းခေါ်လိုက်လေသည်။

"ဪ...မေ...အထဲကို လာလေ။"

'နွေဦးမေ'က ခြံတံခါးကို တွန်းဖွင့်ပြီး သူ့ရှေ့က ထိုင်ခုံမှာ လာထိုင်လိုက်တော့သည်။

"နင်ကလည်း အားတာနဲ့ စာဖတ်မယ်ဆိုတာချည်းပဲ။ ဆေးကျောင်းမှာလည်း စာတွေ ဒီလောက်တောင် ကျက်နေရတဲ့ဟာကို။ မမုန်းသေးဘူးလား!?"

တဗျစ်တောက်တောက် ပြောလိုက်တဲ့ 'နွေဦးမေ'ကို သူ ပြုံးပြီး ကြည့်နေလိုက်မိသည်။

"ငါ ဝါသနာပါတဲ့ အလုပ်ကို အားလပ်ချိန်မှာ လုပ်နေတာပဲလေ။ မုန်းဖို့ နေနေသာသာ ပျော်ဖို့တောင် ကောင်းသေးတယ်။"

"အေး...စာဖတ်ရတာကို နင်ပဲ ပျော်နေလိုက်တော့။ ငါ့မှာတော့ စာမေးပွဲနီးမှ ကျက်ရတဲ့ စာကိုတောင် ကြည့်ချင်စိတ် မရှိတာ။"

"စာဖတ်တာက ကျောင်းစာတွေလိုမျိုး အလွတ်ကျက်မှတ်နေစရာမှ မလိုတာ။ တစ်ခါတလေ ကိုယ့်ကို အဖော်ပြုပေးသလို၊ တစ်ခါတလေကျတော့လည်း စိတ်ဓာတ်ခွန်အားပေးနိုင်တယ်လေ။"

"ဟုတ်ပါပြီ...နင်က ဘာတွေ ဖတ်နေတာလဲ!?"

"ဆရာကြီး တင်မိုးရဲ့ 'အချိန်'ဆိုတဲ့ ကဗျာလေးကို ဖတ်ကြည့်နေတာ။"

"အဲဒါက ဘယ်လို က‌ဗျာမျိုးလဲ!?"

"နင့်ကို ငါ ရွတ်ပြမယ်။ နားထောင်ပြီးတော့ အဓိပ္ပါယ်လေးကို စဉ်းစားကြည့်ပေါ့။"

"အင်း ကောင်းသားပဲ။ ရွတ်ပြကြည့်လေ။"

"အချိန်...

သူ့ကို ပုန်းလည်း

ပုန်းသည့်နေရာ

သူ ရောက်လာလျက်

ကိုယ့်မှာ ရှိငြား

အင်နှင့် အားကို

ယူသွားခဲ့ပြီ

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now