အခန်း ၁၄ (Chapter 14)

5K 592 46
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ အောက်တိုဘာလ ၂၁ရက်

၀င်ခွင့်စာမေးပွဲအတွက် သူ အလုပ်ရှုပ်နေတာမို့ 'ဇေယျနောင်'ကို သွားမတွေ့ဖြစ်ခဲ့ပေ။ ဒီနေ့ ဇီ၀ဗေဒဆရာမက ခွင့်ယူထားပြီး စာသင်ချိန်တစ်ချိန် အားလပ်ခွင့်ရတာမို့ 'ဇေယျနောင်'နဲ့ တွေ့ရဖို့ ထွက်လာခဲ့မိတော့သည်။ အခန်းရှေ့ကို သူ ရောက်ချိန်မှာ ရင်းနှီးနေပြီးသား အသံတစ်ခုကို ကြားလိုက်ရလေသည်။

"Mickey Mouse is a cartoon character of The Walt Disney Company. He wears red shorts, large yellow shoes, and white gloves. I like him very much."

ပီသလွန်းလှတဲ့ အင်္ဂလိပ်အသံထွက်နဲ့ ကြည်လင်ပြတ်သားစွာ နှုတ်တိုက်ရွတ်ဆိုလိုက်တဲ့ 'ဇေယျနောင်'ရဲ့အသံကို နားစွင့်ရင်း အခန်းထောင့်နားကနေ ချောင်းကြည့်လိုက်လေသည်။ ကျောင်းသားတွေရဲ့လက်ခုပ်သံကြားမှာ ဝံ့ကြွားစွာ ရပ်နေတဲ့ ဒီကောင်လေးအတွက် သူ့စိတ်ထဲကနေလည်း ချီးကျူးစကား ဆိုလိုက်မိသည်။

"ကလေးတို့လည်း ဇေယျနောင်လိုမျိုး အင်္ဂလိပ်အသံထွက် ပီပီသသနဲ့ လူကြားထဲမှာ ရဲရဲဝံ့ဝံ့ ပြောနိုင်အောင် ကြိုးစားကြရမယ်နော်။"

"ဟုတ်ကဲ့ပါ...ဆရာမ။"

ခဏအကြာမှာ 'ဇေယျနောင်'တို့ရဲ့အတန်းချိန်ပြီးဆုံးသွားလေသည်။

"ဇေယျနောင်...မင်းက အင်္ဂလိပ်စာကို ဘယ်သင်တန်းမှာ တက်ခဲ့တာလဲ!?"

အတန်းထဲက ယောက်ျားလေးတစ်အုပ်စုက 'ဇေယျနောင်'ရဲ့အနားကို ချဉ်းကပ်ပြီး မေးလိုက်တော့သည်။

"ငါ ဘယ်သင်တန်းမှာမှ မတက်ဖူးပါဘူး။"

'ဇေယျနောင်'ကို ထိုကောင်လေးတွေက တအံ့တဩနဲ့ ထပ်မေးလိုက်ကြသည်။

"ဒါဆို မင်း ဒီလိုမျိုး ပြောတတ်အောင်လို့ ဘယ်သူ သင်ပေးတာလဲ!?"

ထိုအဖြေကို သူကိုယ်တိုင်လည်း သိချင်တာမို့ ၀င်မပြောသေးဘဲ ငြိမ်ပြီး နားထောင်နေလိုက်မိသည်။ 'နေရဲမာန်'တို့အိမ်မှာ ချို့တဲ့စွာ နေရတဲ့ ဒီကောင်လေးက ဘာလို့ အင်္ဂလိပ်စာမှာ ဒီလောက်တော်နေရတာလဲ!?

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now