အခန်း ၁၂ (Chapter 12)

5.3K 617 28
                                    

(Unicode Version)


၂၀၁၀ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်

တစ်လခန့်ကြာမြင့်ပြီးချိန်မှာ အပြစ်တင်ပြောဆိုသံတွေက တဖြည်းဖြည်း အားလျော့လာခဲ့တော့သည်။ ဒါပေမဲ့ ထိုဖြစ်ရပ်ဆိုးက လူတွေရဲ့ပါးစပ်ဖျားမှာ ထင်ကျန်နေခြင်းမျိုးမဟုတ်ဘဲ သူ့စိတ်ထဲမှာ ထင်ကျန်နေခြင်းသာ ဖြစ်သည်။

"နောက်နှစ်ကျရင် နင် ဘော်ဒါသွားနေမလို့ဆို။"

ကျောင်းကနေ အိမ်သို့ အပြန်လမ်းမှာ 'နွေဦးမေ'က သူ့ကို မေးလိုက်လေသည်။

"ဟုတ်တယ်။ နင်ရော စဉ်းစားထားပြီးပြီလား!?"

'နွေဦးမေ'က သူ့ကို ခေါင်းခါပြပြီး ဖြေလိုက်တော့သည်။

"ငါလည်း နင် တက်မယ့်ဘော်ဒါမှာ လိုက်တက်ရင် ကောင်းမလား!?"

"နင်က လူတွေ အများကြီးကြားမှာ နေတတ်၊ စားတတ်တဲ့သူမျိုးမှ မဟုတ်တာ။ ဘော်ဒါနဲ့ အဆင်ပြေမယ်လို့ ငါ မထင်ဘူး။"

'နွေဦးမေ'က သူ့စကားကြောင့် ခဏတာ ငြိမ်သက်သွားလေသည်။

"နင်နဲ့ ငါက ဆယ်တန်းဖြေပြီးရင်လည်း ပြန်တွေ့ကြမှာပဲဟာ။ ဘာ‌တွေ စိတ်ပူနေတာလဲ!?"

'နွေဦးမေ'က သူ့စကားကို အလိုမကျသလိုပုံစံမျိုးနဲ့ ပြန်ဖြေလေသည်။

"ဒါပေမဲ့ ငါက နင်နဲ့ တစ်နှစ်လုံး ခွဲနေရတော့မှာလေ။"

'နွေဦးမေ'က သူ့ကို ပြောနေရင်းနဲ့ မျက်ရည်တွေ ဝဲလာလေသည်။ ငယ်စဉ်ကတည်းက သူနဲ့ မခွဲခွါဖူးတဲ့ 'နွေဦးမေ'အတွက် ဒီကိစ္စက စွန့်စားမှုကြီးတစ်ခုလို ဖြစ်နေမှာ အမှန်ပင်။

"ငါ့ရဲ့ဆရာ၀န်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ပြည့်၀အောင် ကြိုးစားချင်တယ် ...မေ။ ဒီကျောင်းမှာ ဆက်နေရင် စိတ်မကောင်းစရာတွေကို ထပ်တွေးမိပြီး ငါ့စိတ်တွေ ယိမ်းယိုင်သွားမှာကို စိုးရိမ်လို့ပါ။"

'နွေဦးမေ'က သူ့ဆုံးဖြတ်ချက်ကို ထပ်ပြီး ဝေဖန်ခြင်း မပြုဘဲ တိတ်ဆိတ်စွာ လိုက်ပါလာလေတော့သည်။

"သား..."

သူ အိမ်ကို ပြန်ရောက်လာချိန်မှာ အိမ်ရှေ့ခန်းမှာ ထိုင်နေတဲ့ မေမေက လှမ်းခေါ်လိုက်လေသည်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now