အခန်း ၄၅ (Chapter 45)

3.9K 372 27
                                    

(Unicode Version)

'နေရဲမာန်'၏ ဒိုင်ယာရီ


၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၄ရက်

'အန်တီဒေစီ'ကို ပြုစုပေးနေရလို့ တစ်ချို့ရက်တွေဆို ငါ အိမ်တောင် မပြန်ဖြစ်ခဲ့ဘူး။ 'ဇေယျနောင်'ကို တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချပေမယ့် လူနာက အရေးကြီးနေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ!? လွမ်းလိုက်တာ...ကလေးရယ်။ ဆေးဝယ်ဖို့ ဆေးရုံအောက်ထပ်ကို ဆင်းလာတော့ ငါ အရမ်းလွမ်းနေတဲ့ သူ့ကို တွေ့လိုက်ရတယ်။ ငါ အရမ်းပျော်သွားတာပေါ့... သူက ငါ့လက်ကို ဆွဲပြီး ထွက်ပြေးသွားတယ်လေ။ ပြီးတော့ ငါ့ကို ဖက်ပြီး ပြောသေးတယ်...'အရမ်းလွမ်းတယ်' တဲ့။ ငါ့ဆီကို ပြေးလာရလို့ သူ့တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေရှာတာ။ နောက်ဆုံးတော့ ငါ့အချစ်တွေကို သူ လက်ခံပေးနိုင်ခဲ့ပြီပဲ။ ဒီ(၇)နှစ်လုံးလုံး စောင့်မျှော်နေခဲ့ရတဲ့ နေ့ရက်လေးကို ရောက်လာပြီတဲ့လား... ပျော်လွန်းလို့ ယုံတောင် မယုံနိုင်ဘူး။ ဖြစ်နိုင်ရင် သူ့လက်ကို ဆွဲပြီး တစ်လောကလုံးကို ကြွားလုံးထုတ်ပစ်လိုက်ချင်တာ။ သူ့နှုတ်ခမ်းဖျားက ငါ့ကို ချစ်တယ်လို့ မပြောသေးပေမယ့် ဒီလောက်ထိ လက်ခံပေးခဲ့တာကိုပဲ ကျေနပ်သင့်နေပြီလေ။ သူ့ကို 'အန်တီဒေစီ'ဆီ ခေါ်သွားပြီး တွေ့ပေးလိုက်တယ်။ အရင်ကတည်းက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အဆင်ပြေပြီးသားဆိုတော့ တော်သေးတာပေါ့။ 'ဇေယျနောင်'က လူချစ်လူခင် ပေါပြီးသားပါ။ မာမီနဲ့ကျမှပဲ ပြဿနာမျိုးစုံ ဖြစ်နေရတာ။ 'အန်တီဒေစီ'က သူနဲ့ စကားပြောချင်တယ်ဆိုလို့ အပြင်ကို ထွက်လာပေးခဲ့ရတယ်။ သေချာတာတော့ ငါ့အကြောင်းတွေကို ပြောပြနေမှာပေါ့။ 'ဇေယျနောင်'လည်း ငါ့ဘဝအမှန်ကို သိသင့်နေပါပြီလေ။ ဘာကြောင့်မှန်း မသိပေမယ့် ငါ့အပေါ် သူ့ရဲ့ဆက်ဆံပုံလေးတွေက ပြောင်းလဲလာတယ်လို့ ခံစားနေရတယ်။ ဒီလိုအချိန်မျိုးမှာ သူ့ကို ပိုပြီးဂရုစိုက်ပေးသင့်ပေမယ့် 'အန်တီဒေစီ' အတွက်ကလည်း အရေးကြီးတဲ့အချိန် ‌ဖြစ်နေတယ်။ မင်းရဲ့အနားမှာ မနေပေးနိုင်ပေမယ့် အချိန်နဲ့အမျှ သတိရနေတယ်ဆိုတာ မင်း သိနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Where stories live. Discover now