အခန်း ၂၅ (Chapter 25)

4.8K 507 54
                                    

(Unicode Version)

'နေရဲမာန်'၏ ဒိုင်ယာရီ


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၄ရက်

'ဇေယျနောင်'က သူ့အဖေရဲ့ဈာပနကိစ္စနဲ့ မနေ့ကတစ်နေ့လုံး ပင်ပန်းထားခဲ့တာ။ ဒီနေ့လည်း မာမီ ခိုင်းတဲ့အတိုင်း ရေကူးကန်ကို သန့်ရှင်းရေးလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ!? ဒီတော့ မာမီ့ကို 'အန်တီဒေစီ' ဆီ သွားလည်ဖို့ တိုက်တွန်းလိုက်တယ်။ မာမီ အိမ်မှာ မရှိရင် အဲ့ကောင်လေး နည်းနည်း သက်သာသွားတာပေါ့။ သူ့ကို နားစေချင်လို့ ရေကူးကန်ကို ငါကိုယ်တိုင် သန့်ရှင်းရေး ၀င်ကူလုပ်ပေးလိုက်တယ်။ အဲ့နေ့က ငါ လုံး၀မမျှော်လင့်ထားတဲ့ စကားတစ်ခွန်းကို သူက ပြောခဲ့တယ်။ 'ငါတို့နှစ်ယောက် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံကြရအောင်' တဲ့လေ။ သူက ငါနဲ့ ရင်းနှီးချင်တယ်တဲ့လား!? ဒီစကားလေး ကြားရုံနဲ့ ငါ့မှာ ပျော်လိုက်ရတာ...အဲ့နေ့ညက ပျော်လွန်းလို့ အိပ်လို့တောင် မရဘူး။ ည (၁၂)နာရီလောက်မှာ သူ့အခန်းထဲက ပစ္စည်းတစ်ခု ပြုတ်ကျတဲ့ အသံကို ငါ ကြားလိုက်ရတယ်။ စိတ်ပူပြီး ပြေးကြည့်လိုက်တော့ သူက အရှိန်လွန်ပြီး ကုတင်ပေါ်က ပြုတ်ကျတော့မလိုတောင် ဖြစ်နေပြီ။ သူ့အသားတွေကလည်း ပူခြစ်နေတာပဲ။ ရေဆာတယ်‌ဆိုလို့ ရေဘူးယူပြီး တိုက်လိုက်ရသေးတယ်။ ဒီလောက်ထိ ဖျားနေတာတောင် ငါ့ကို တစ်ချက်မပြောပြဘူး။ ဆေးတိုက်ပြီး ခဏကြာတော့မှ သူလည်း အိပ်ပျော်သွားရှာတယ်။ အဖျားရှိတော့ ချမ်းနေရှာတယ် ထင်ပါရဲ့...စောင်တွေ အထပ်ထပ် ခြုံပေးထားတာတောင် တစ်ကိုယ်လုံး တုန်‌ရီနေရှာတာ။ သူ့ကို ဖက်ပေးထားလိုက်တော့မှပဲ နည်းနည်း အနွေးဓာတ်ရပြီး ငြိမ်ကျသွားတော့တယ်။ ပြီးတော့ ငါ့ကို တင်းတင်းကြပ်ကြပ် ဖက်ပြီး သူ့ကို ခွဲမသွားဖို့လည်း ပြောသေးတယ်။ အဲ့စကားက ငါ ပြောရမယ့်စကားပါ။ သူသာ ငါ့ဘ၀ထဲက ထွက်သွားရင်...ငါ မသိဘူး...ဘာဆက်ဖြစ်မလဲဆိုတာ ငါ မတွေးရဲသလို တွေးလည်း မတွေးချင်ဘူး။ သေချာတာတော့ ငါ့ဘက်က စ,ပြီး သူ့ကို ခွဲမသွားဘူးဆိုတာပဲ။ သူကတော့ မသိနိုင်ပေမယ့် သူ့အနားမှာ အမြဲတမ်း ရှိနေပါ့မယ်ဆိုတဲ့ ကတိကို ငါ ပေးလိုက်တယ်။ ငါ့ကို ပွေ့ဖက်ထားတဲ့ သူ့ရဲ့လက်လေးတွေကို အခုအတိုင်းလေးပဲ ရှိနေစေချင်လို့ အဲ့‌နေ့တစ်ညလုံး ငါ သူ့ကို ပွေ့ဖက်ထားခဲ့မိတယ်။

ကျိန်စာတစ်ခုဖြင့် ရစ်နှောင်ထားသော                             (Bound By A Curse)Wo Geschichten leben. Entdecke jetzt