Arc-3.3

5.4K 489 52
                                    

" မမ..... ဘာလို့...."
ဝမ်ဝမ်က အိမ်ရှေ့စံမင်းသားအရိုက်ခံလိုက်ရတဲ့ ပါးလေးကိုကိုင်ကာမေးလိုက်တယ်....
အကုန်လုံးကလည်းသိချင်နေကြတယ်....
အရိုက်ခံလိုက်ရတဲ့ သူကလည်း ကြောင်အသွားပြီး ခဏနေတော့ ဝေဝေကို အော်ဖို့ပဲရှိသေး...သူမရဲ့ပါးပြင်လေးပေါ်မှာ မျက်ရည်လေးများကျဆင်းလေးတယ်...

သူကပြောဖို့ပဲရှိသေး ဝေဝေကထအော်လိုက်တယ်...

" ကျွန်မကလည်းရှင့်ကိုလက်ထက်ချင်တယ်လို့ရှင်ထင်နေတာလား...ကျွန်မသိတယ်ရှင်ကျွန်မကို မချစ်ဘူးဆိုတာ ကျွန်မသိတယ်..ရှင်နဲ့ဝမ်ဝမ်ကချစ်နေတယ်ဆိုတာ...ကျွန်မအကုန်လုံးသိတယ်...တမင်သတ်သတ်ကို မသိချင်အောင်ဆောင်နေတာ...ကျွန်မထင်ထားတာက ကျွန်မကိုလက်ထက်ပြီးမှ သူ့ကိုလက်ထက်မယ်ထင်တာ...ဒါပေမဲ့ အခုရှင်လုပ့်လိုက်တဲ့ပုံကိုလည်းကြည့်အုံး...တစ်နာရီတောင် ကျွန်မတစ်နာရီကြီးတောင်ရှင့်ကို ထိုင်စောင့်နေတာ...တစ်နာရီက ရှင့်အတွက် ဘာမှမဟုတ်ပေမဲ့ ကျွန်မအတွက်ကျွန်မအတွက် ဘာဖြစ်သွားတယ်လို့ရှင်ထင်လည်း... အဲ့ဒီတစ်နာရိလုံးလုံးကျွန်မရဲ့ သိက္ခာတွေ၊ ကျွန်မရဲ့မာနတွေအကုန်လုံး ရေစုံမျောသွားပြီ...အကုန်အကုန်လုံးမျော်သွားပြီ...ရှင်သိလားအန့်....ရှင်သိလား...."

ဆိုပြိး ငိုကာဇာတ်လိုက်ရဲ့ အိကျီကို ဆွဲခါလေတယ်....အကုန်လုံးကဝမ်းနည်းသွားကြတယ်....မင်းကြီးကလည်း ဝေဝေကိုသနားကာသူ့ရဲ့သားကို စိတ်ပျတ်လေတယ်....

ဝမ်ဝမ်ကတော့...
ငါဖြစ်ချင်တာဒီလိုမဟုတ်ဘူး...သူ့ကိုသနားလို့မဖြစ်ဘူး....ငါ့ကိုပဲသနားရမှာ...
မဖြစ်ဘူးတစ်ခုခုကြံမှ....

" မမညီမအမှားပါ...ညီမလေး....."

" ပါးစပ်ပိတ်ထားစမ်း....."
ဝေဝေဒေါသတကြီး ထအော်လိုက်တယ်...

ဇာတ်လိုက်ကသူ့မယားကို ထိတဲ့အတွက် ဝေဝေကို အော်လိုက်တယ်....

" ဝေဝေ ဒါကငါ့အမှားမင်းသူမကိုအော်...အော်.."

" ရှင်လည်းပါးစပ်ပိတ်....ကျွန်မပြောစရာကျန်သေးတယ်...ရှင်ကအိမ်ရှေ့စံမင်းသားမလို့ကျွန်မမပြောရဲဘူး...မထင်နဲ့....တကယ်လို့ ရှင့်ကို ပြောတဲ့ အတွက် ကျွန်မကိုအပြစ်ပေးမယ်ဆိုရင်တောင် ပျော်ပျော်ကြီး အပြစ်ပေးခံလိုက်မယ်..သိလား...."

Arc-3(ပိုင်ဝေဝေ)Where stories live. Discover now