Arc-3.13

4.6K 519 14
                                    

ဝေဝေအဒေါ်ကြီးကို ခြိမ်းခြောက်ကာထွက်လာခဲ့တယ်...လူသူကင်းမဲ့တဲ့ တောထဲကိုဝေဝေလျှောက်သွားလေတယ်..အနောက်ကနေလိုက်နေသော..သူ၅ယောက်ကလည်း...ဝေဝေနောက်ကိုလိုက်ရင်း ကြောင်နေတယ်...ဒီနေရာကို ဘာလာလုပ့်တာလည်း..သူတို့မသိပေ...

ဝေဝေခဏနေတော့...လမ်းလျှောက်တာကို ရပ်လိုက်ကာ....
" ရောက်နေရင်လည်း...ထွက်လာတော့လေ..ဘာလို့ပုန်းနေတာလည်း...."

ခနဲ့သော အသံဖြင့်လှောင်ပြောင်ရင်းပြောလိုက်တယ်,..အနောက်ကသုံးယောက်ကလည်း....သူတို့လိုက့်နေတာကို အစကထဲက ရိပ့်မိနေတာလားလို့တောင် တွေးနေကြတယ်
မထူးတော့ဘူးဆိုပြီး ၅ယောက်လုံးဝေဝေဆီကို လျှောက်လာကြတယ်..

' fuck...မင်းပြောတော့ လေးယောက်ဆိုဘာလို့ ၅ယောက်ဖြစ်နေတာလည်း...'

' sorry ကျွန်တော်မှားပြောမိတာ....ဟီးဟီး,'

' ထားပါငါလည်းအတိုက်အခိုက်သင်ထားတာ...စမ်းလို့ရတာပေါ့....'

ထို၅ယောက်ထဲက ပိန်ပိန်ရှည်ရှည်နဲ့ လူကြီးက...
" အာယား..မင်းလေးချစ်ဖို့ကောင်းတာပဲ... အရသာလည်းရှိမှာသေချာတယ်..."

လျာသပ့်ကာပြောလိုက်တယ်..ကျန်တဲ့သူတွေကလည်းရယ်မော်နေတယ်....

" ကဲကျွန်မမေးမယ်...ရှင်တို့ကိုဘယ်သူခိုင်းတာလည်း...."
ဆိုပြီး လက်ပိုက်ကာ..မေးလိုက်တယ်.....

ဟိုဘက်ကလူတွေကတော့ ဝေဝေကြောက်ရမဲ့ အစားမေးခွန်းတောင်မေးနေတယ်..သူမမကြောင်တာလား...မကြောက်ချင်အောင်ဆောင်နေတာလား...ထူးဆန်းတယ်..

" ဟား..မင်းကိုငါသဘောကျသွားပြီ..သူမကိုမသတ်နဲ့တော့..ငါတို့တွေကို ပြုစုဖို့သူမကိုခေါ်သွားမယ်..."
ခေါင်းဆောင်ဆိုတဲ့လူကြီး...ပြောလိုက်တော့..ကျန်တဲ့လေးယောက်စလုံးက ထောက်ခံလေတယ်....

" ဟယ် ..တော်ပြီရှင်တို့နဲ့ မပြောတော့ဘူး...ကဲကဲ ချစရာရှိတာချမယ်...ကျွန်မမအားဘူး...."

ဘာ...ဒီမိန်းကလေးက မလွယ်ပါလား...

" ကောင်းပြီလေ...ညီအကိုတို့သူမကို ဖမ်းကြ..."
ဆိုပြီး ကိုင်ထားတဲ့ဓားအိတ့်ထဲကနေ ဓားကိုထုတ်ကာ...ဝေဝေဆီကိုချီတက့်နေတယ်....

Arc-3(ပိုင်ဝေဝေ)Where stories live. Discover now