အချိန်တွေက နေ့နဲ့ညကုန်ဆုံးသွားသလို ရက်တွေလတွေလည်းကုန်ဆုံးသွားတယ်....
ဒီအတော်အတွင်းတော့ ဝေဝေတစ်ယောက် စားလိုက်အိပ်လိုက်နဲ့ ပေါ့...ဇာတ်လိုက်ကောင်ကလည်း.. အမြဲတမ်း ပစ္စည်းတွေပို့တယ်...စာတွေလည်းပို့တယ်....ခွင့်လွှတ်ပေးဖို့လည်း..တောင်းဆိုနေတယ်...ငါကလွယ်လွယ်နဲ့ ခွင့်လွှတ်ရအောင်...အရူးမှမဟုတ်တာ....ငါလက်မခံလည်း..အတင်းပေးတယ်..အဲ့တော့လည်းယူရတာပေါ့...အလကားရတာဆိုတော့...😊..သူတွေ့ဖို့ချိန်းလည်း..အကြောင်းပြချက်တွေပေးပြီး ငြင်းလိုက်တယ်...ဇာတ်လိုက်မလည်...ငါကိုတွေ့ချင်လို့လာလာပေမဲ့ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ငြင်းတယ်...ဒေါသထွက်ပြိး ထွက်သွားတဲ့ ရုပ်ကရယ်ရတယ်လို့ system ပြောတယ်...
ဝေဝေ အဖေလည်းလာလာတွေ့တယ်...ထပ်ငြင်းလိုက်တယ်..သူတို့တွေနဲ့ မပတ်သတ်ချင်ဘူး..အခုလာပြိး...နောင်တရတယ်လို့လာပြောတယ်...ဟဟပဲရမယ်သိလား....ဟွန့်....မင်းကြီး ကတော့မနက်တိုင်းထမင်းအတူတူစားရတယ်..စားတဲ့ အခါတိုင်း တစ်ချို့ဟင်းတွေကို နွှာကျွေးတယ်...တစ်ခါတစ်လေ စဥ်စားမိတယ် ကိုယ်ကလေးလားလို့...😑😑😑
ငါကြားတဲ့ သတင်းအရတော့ မိဖုရားကြီး ကအခုဆိုရင် အာဏာတွေကျသွားတယ်..တစ်ချို့အစေံတွေက အတင့်ရဲ့ပြီတော့တောင် မင်းကြီးကို သွားတိုင်တယ်...မင်းကြီးကလည်းအခုဆိုရင် မိဖုရားကြီးကို အဖက်မလုပ်ပဲ..မိဖုရား ချင်းရီရီ ကိုပဲ အရေးလုပ့်တော့တယ်...ချင်းရီရီ ကမင်းသားနှစ်ရဲ့ အမေ အရင်ကဆိုရင် မင်းသားနှစ်ကိုရှိတယ်လို့တောင် မထင်တဲ့ မင်းကြီး ကအခု့ကတော့ သားတဲ့ ပါးစပ်ဖြားကနေကိုမချဘူး....မနက်တိုင်းထမင်းစားရင်လည်း...မင်းသားနှစ်အကြောင်းကြီးပဲပြောနေတာ...
တစ်ခါတစ်လေ စဥ်းစားမိတယ် မင်းသားနှစ်နဲ့များ သဘောတူနေတာလားလို့.ဒါပေမဲ့ ကိုယ်ကတော့စိတ်မဝင်စား...အရင်ကဘဝမှာ ဝေဝေသေရတာ သူ့ပရောကလည်းမကင်းဘူး....တစ်ချက်တစ်ချက်ကြရင် လူတစ်ယောက်ကို လွမ်းမိတယ် ဘယ်သူ့ကိုလွမ်းနေလည်းဆိုတာမစဥ်စားမိဘူး....
အဝေးတစ်နေရာမှာ ရှိတဲ့လူတစ်ယောက်ကတော့....ဟက်....ဟက်ချို.... အခုတလောနှာခဏခဏ ချီနေတယ်..နေမကောင်းဖြစ်နေတာများလား....
YOU ARE READING
Arc-3(ပိုင်ဝေဝေ)
Romanceနာမည်အရင်းက ကျော်ဇေထက် လူမှားပြီး ဓားထိုးခံရလို့ system ထဲရောက်သွားသောသူ သူရဲ့system လေးကြောင့် စစ်စစ်ကနေ gay သွားရသူပါ....