Part 4

2.6K 144 1
                                    

လေးညှို့ရှင်

အပိုင်း(၄)

#လေးညှို့ရှင်

11-05-12-48

"မမ...ဆောရီး..."

"ရပါတယ်.....လာလေ..."

ကားယူမလာတော့ မမ က လူ၀င်ပေါက် တံခါးလေးမှာ ရပ်စောင့်နေသည်..။

ဇင်သန့် လက်ထဲက ပန်းချီကားကို အကြည့်ရောက်သွားကာ တစ်ချက်ပြုံးသည်..။

"လာ.....ဟော...စနိုးတောင်...ထွက်ကြိုနေပြီ..."

"သြော်....စနိုးဆိုတဲ့ အတိုင်းပဲနော်..."

တစ်ကိုယ်လုံး မဲနက်နေပြီး မျက်လုံးတောင် ပျောက်နေတဲ့ အနက်ရောင် ခွေးစုတ်ဖွားလေး ကိုကြည့်ရင်း ဇင်သန့် ဝေဖန်လိုက်သည်..။

မမ က အပြုံးလေးနဲ့ တုန့်ပြန်ပြီး သူ့ခွေးလေး ကို ကောက်ချီကာ ရင်မှာပိုက်ထားသည်.။

"မမ ထွက်စောင့်နေရတာလား..."

"အင်း...ခြံထဲ မရောက်တာလည်း ကြာပြီလေ...အဲဒါနဲ့ ဆင်းကြည့်တာပါ...."

"ဟာ...ရေတံခွန် အသစ်ပါလား.."

ဧည့်ခန်း မှန်နေရာမှာ နံရံကပ်ရေတံခွန်ထည့်ထားတော့ တစ်မျိုး ဆန်းသွားပြန်သည်..။

လပိုင်းအတွင်း လုံး၀ ပုံစံပြောင်းအောင် ပြင်လိုက်တာပဲ...။

"ပြင်လိုက်တာနော်..."

"ဟုတ်တယ်...မှန်ချည်းပဲဆိုတော့ သီးသန့် မဖြစ်ဘူးလေ...မေမေကြီးကို ပြောပြီး ပြန်ပြင်လိုက်တာ....ဘယ်လိုလဲ....အိုင်ဒီယာ Good ရဲ့လား.."

"Good တာပေါ့...မိုက်တယ်....အခန်းလို့ မထင်ရဘူး...တကယ့်အစစ် အတိုင်းပဲ..."

"တို့ ကို ချီးကျူးတာ ဇင်သန့် တစ်ယောက်ပဲ ရှိသေးတယ်....လာ....ဧည့်ခန်းထိုင်မလား...တို့အထပ် ကို သွားမလား..."

"မမ သဘောပါပဲ...."

"ဧည့်ခန်း ကြွားချင်သေးတယ်...ဟိ...လာ..."

မမ က ခွေးလေး ပိုက်ပြီး ရှေ့ကနေ ဦးဆောင်သွားတော့ ဇင်သန့် ပြုံး၍ လိုက်သွားမိသည်..။

ဧည့်ခန်းထဲက ဆိုဖာ တွေလည်း ပြန်ပြင်ထားပြီး အမြင့်မဟုတ်ပဲ ရိုးရှင်းတဲ့ ဆိုဖာ အဖြူလေးတွေထည့်ထားသည်..။

လေးညှို့ရှင်Where stories live. Discover now