Part 8

2.1K 117 2
                                    

လေးညှို့ရှင်

အပိုင်း(၈)

#လေးညှို့ရှင်

"ဘာ....ဘာဖြစ်တယ်...ဒက်ဒီကို...ဟာ...မဖြစ်နိုင်ဘူး.."

"ဟုတ်တယ်သားရဲ့...ဟီး..."

"ဟာ.....ကျွန်တော် ဘာလို့ မသိခဲ့တာလဲ..."

"ရှယ်ယာ ကိစ္စတွေကို သားမှ သေချာ မသိတာပဲ..."

"ကိုကိုလည်း ပါလား..."

"အင်း...."

"မဖြစ်ဘူး...မဖြစ်ဘူး....ကျွန်တေ်ာ ကြိုးစားကြည့်ပါမယ်...မာမီ စိတ်အေးအေးထားပါ..."

"......"

အိပ်ရာထဲ လှဲနေသည့် မာမီ့လက်ကို တင်းနေအောင် ဆုပ်ကိုင်အားပေးလိုက်ကာ ဇင်သန့် အပြေးအလွှား စဉ်းစားနေရသည်။

ဒက်ဒီ ကုမ္ပဏီ က ဒီလောက်အခက်အခဲ ကြားထဲ ရောက်နေမည်လို့ လုံး၀ မထင်ခဲ့မိ.။

ဒေဝါလီခံရရင်တောင် တော်ဦးမည်.။

အခုက ငွေကြေးပြဿနာများဖြင့် တရားစွဲဆို ခံထားရသည်။

အင်အားကြီး ကုမ္ပဏီ တစ်ခုက အခုလို  အေဂျင်စီ ကုမ္ပဏီ လေးကို ငွေအားဖြင့် ဖိနှိပ်ထိုးသတ်နေတာ ဘာသဘောလဲ..။

ကိုယ့်ဆိုင်ကိုပဲ အာရုံထားနေသည်မို့ ဆိုင်ကို စာရောက်လာတော့မှ မျက်လုံးပြူးအောင် အံသြရသည့် အဖြစ်..။

ဆိုင် အသိမ်းခံရတာထက် ဒက်ဒီတို့ကိုပဲ စိတ်ပူသည်။

စိတ်ကြောင့် အိပ်ရာထဲ ရောက်နေသည့် မာမီ့အနားမှာ ကိုယ်ရှိမှ ဖြစ်မည်။

ဒက်ဒီ နဲ့ ကိုကို့အတွက် ဇင်သန့် တစ်ယောက်တည်းသာ ကြိုးစားရမည်။

လက်ထဲက ဖုန်းကို ထုတ်ပြီး အတွင်းရေးမှူး ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"သူတို့ဘက်က ရှေ့နေနဲ့ ဆက်သွယ်လို့ ရမဲ့ ဖုန်းနံပါတ် ဖြစ်ဖြစ် ကျွန်တော့်ကို ပေးပါ ကိုဇော်..."

"ကျွန်တော် ကြိုးစားခဲ့ပြီးပါပြီ..."

"ကျစ်...ပေးဆို ပေးဗျာ.."

"ဟုတ်ကဲ့ပါ...အစ်ကိုလေး...ကျွန်တေ်ာ ပို့ပေးလိုက်ပါမယ်..."

အိပ်ပျော်နေတဲ့ မာမီ့ကို ကြည့်ရင်း ဇင်သန့် သက်ပြင်း တစ်ချက် ခိုးချလိုက်မိသည်။

လေးညှို့ရှင်Where stories live. Discover now