Part 27

1.8K 104 4
                                    

လေးညှို့ရှင်

အပိုင်း (၂၇)

#လေးညှို့ရှင်

08170520

"ဘော့စ်....ကလေး အရမ်းငိုနေတယ်..."

"သုံးနာရီ မပြည့်သေးဘူး...ပြန်ခေါ်သွား..."

လပ်တော့ နှိပ်နေတဲ့ အမေဖြစ်သူက ဘယ်လိုမှ မနေပေမဲ့ ဇင်သန့်ကတော့ ကလေးနဲ့ အတူတူ လိုက်ငိုချင်နေပြီ..။

ဆယ်နာရီ မထိုးမချင်း ချီလျှောက်ရုံသာ ရှိတော့သည်။

အသံလုံခန်းထဲမှာ အလုပ်လုပ်နေတဲ့ သူက ဘယ်လိုမှ မနေပေမဲ့ ဇင်သန့်ကတော့ တစ်အိမ်လုံး အပေါ်ထပ် အောက်ထပ် မကျန် ချီလျှောက်ရသည်..။

နာရီကို တစ်ချက်ကြည့်ပြီး ဒိုက်ဘာ လဲပေးဖို့ အတွက် ကလေးအခန်းထဲကို ခေါ်ခဲ့ရသည်။

"မင်း အဖေ က ဘယ်သူလဲ..ဘယ်ရောက်နေတာလဲဟမ်...ကျစ်..."

ဇင်သန့်စကားပြောချိန် တိတ်သွားပြီး ငြိမ်နေတော့ ပြုံးမိသည်။

မိခင်နို့ကို အချိန်နဲ့သာ သောက်ခွင့်ရပေမဲ့ ပါးလေးတွေက ဖောင်းနေတာ အသည်းယားဖို့ကောင်းပါသည်။

ဘယ်သူ့ကလေးပဲဖြစ်ဖြစ်..။

ကိုယ့်ချစ်ရသူ အရှင်သခင်မရဲ့ သားဆိုတော့လည်း ခစားရဦးမှာပေါ့လေ..။

ဆယ်ငါးရက်ကျော် ကလေး ကို နေ့တိုင်းချီလျှောက်နေရတာမို့ တဖြည်းဖြည်း သဘောပေါက်လာပြီ..။

ပက်လက်ချီထားရင် သခင်လေးက သိပ်မကြိုက်ချင်..။

ပိုက်ပွေ့ထားရင် ငြိမ်နေတက်သည်။

အိပ်နေချိန် စောင်လေးခြုံပေးထားရင် အိပ်ချိန်ပိုကြာတက်သည်။

နှုတ်ခမ်းတွေ လွန့်ပြီး တစ်ခုခု ပြောချင်သလိုလည်း လုပ်တက်သေးသည်။

"အဲ့....အဲ့..."

"နေပါဦးကွ....လုပ်ပေးနေတယ်..."

ဇင်သန့် ပြောလိုက်တော့ ခဏတိတ်သွားပြီး ကြည့်နေတော့ ပြုံးပြလိုက်သည်။

"မင်းက လူချောလေးပဲ...နွမ် နဲ့ တူတာလား..."

ကိုယ့် အမေးကို မကျေမနပ်ဖြင့် ရပ်တန့်လိုက်မိသည်။

လေးညှို့ရှင်Where stories live. Discover now