Part 9

1.8K 109 4
                                    

လေးညှို့ရှင်

အပိုင်း(၉)

#လေးညှို့ရှင်

"What"

"နှစ်ပတ်လောက် ရှိပါပြီ"

"အိုး....ကောင်းတာပေါ့..."

"..........."

မော်ဂင် က မျက်ခုံးတစ်ချက် မသိမသာတွန့်သွားရင်း ဘော့စ်ကို အကဲခတ်နေမိသည်။

တစ်ခုခုတော့ ဖြစ်တော့မည်။

လေဒီ့ကို အကြောင်းကြားရင် ကောင်းမလား..။

ကုမ္ပဏီ တစ်ခု ဖိတ်တဲ့ ညစာစားပွဲကို တက်နေရတဲ့ လေဒီ့ကိုခေါ်လိုက်ရင် အဆင်မပြေ ဖြစ်ဦးမည်။

ဘယ်လို လုပ်မလဲ..။

"စင်ဒီ.."

"ဟုတ်ကဲ့...ဘော့စ်.."

"အနက်ရောင် ဂါ၀န် ယူလာခဲ့..."

"ဟုတ်ကဲ့..."

အကျီ င်္ရဲ့ ပခုံးမှာ စိန်တွေနဲ့ အလှဆင်ထားသည့် ပွယောင်းယောင်း အနက်ရောင် ဂါ၀န်ကြီးက စိန်တွေသာ မပါရင် အတော်လေး ကြည့်ရဆိုးပါသည်။

ကော်လာပေါ်မှာ စိန်ဘယက် တစ်ခု ထပ်ဆွဲပြီး ဆံပင် ကို လက်နဲ့ တစ်ချက် သပ်ဖွ လိုက်သည်။

ဒီ၀တ်စုံကြီးနဲ့လား..။

မော်ဂင် ပါးစပ်အဟောင်းသားဖြစ်နေချိန်မှာပဲ ဘော့စ်က တံခါး၀ ရောက်သွားပြီ.။

ဘယ်လို ပြဿနာတွေ ဖြစ်လာမလဲဆိုတာ ဘုရားတရင်း စောင့်မျှော်နေရတော့သည်။

"ဟင်..."

ထမင်းပို့ချိန် မဟုတ်ပဲ ဇင်သန့် အခန်းထဲကို ၀င်လာတဲ့ မိန်းကလေး တစ်ယောက်ကြောင့် အံသြသွားသည်။

"ဘော့စ်က အ၀တ်အစားတွေ လဲခိုင်းလိုက်လို့ပါ..."

"ဟင်.."

အ၀တ်အစားတွေကို ခုတင်ပေါ် ဖြန့်တင်ပေးပြီး ပြောလိုက်တော့ ရင်ခုန်သွားသည်။

သူ ပြန်ရောက်လာပြီလား..။

ဇင်သန့် အိမ်နဲ့ အဆက်အသွယ်ပျက်နေတာ ကြာလှပြီ။

မာမီ့ဆီကိုဖုန်းဆက်ခွင့်ရချိန်တုန်းက နိုင်ငံခြားက ဟိုတယ်မှာ တာ၀န်ယူရသည်လို့သာ ပြောရသည်။

လေးညှို့ရှင်Where stories live. Discover now