Part 12

1.7K 106 2
                                    

လေးညှို့ရှင်

အပိုင်း(၁၂)

#လေးညှို့ရှင်

"ဟင်..."

ဇင်သန့် အိပ်ရာနိုးလာတော့  အရုပ်မ ပုံစံ ပြင်ဆင်ထားသည့် လီလီ က အပြုံးဖြင့် ကြိုဆိုသည်။

အပေါ်ပိုင်း ဗလာကျင်းနေသည့် အနေအထားကြောင့် နည်းနည်း အနေရခက်သွားသည်။

"သခင် အိပ်ရာနိုးရင် ရေချိုးဖို့ အဆင်သင့် ပြင်ထားပါတယ်..."

ပေါင်အထိ မလုံတလုံ ဝတ်ထားသည့် စကပ်တိုလေးကို အကြည့်လွဲပြီး ခုတင်ပေါ်က ဆင်းလိုက်သည်။

"ကျစ်...."

ကိုယ်က သူ့ရဲ့ပျော်တော်ဆက်ဆိုပြီး ကိုယ်အတွက် ပျော်တော်ဆက် တစ်ယောက်ကို အခန်းထဲ ပို့ထားပြန်သည်။

ခရီးက ပြန်လာပြီးကတည်းက  ဇင်သန့်အခန်းထဲကို ညအိပ်ဧည့်သည် အဖြစ် လီလီ ရောက်လာတော့သည်။

အသိတရား ရှိနေသရွေ့ မိန်းမ တစ်ယောက်ကို မချစ်ပဲ မပတ်သက်ချင်ပါ။

တစ်ခန်းထဲ အတူတူနေရတာ အနေအစား မသက်သာပေမဲ့ ကိုယ့်မှာ အမိန့်ပေးခွင့်လည်း မရှိတော့ သည်းခံရသည်။

ရေချိုးခန်းထဲမှာ အချိန်ကြာကြာ နေပြီး ထွက်လာတော့ အကျီ ၤ အဆင်သင့် ကိုင်၍ မတ်တတ်ရပ်နေပြန်သည်။

"လီလီ....အပြင် ထွက်ပါ...."

"ဘော့စ်က တာဝန်ပေးထားလို့ပါ..."

".........."

ဇင်သန့် ဘာမှ မပြောနိုင်ခင် တာဝါကို ချွတ်လိုက်တော့ လန့်ဖြတ်သွားရသည်။

အဝတ်အစား ဝတ်ပေးရလောက်အောင် ကိုယ်က ဘာဖြစ်နေလို့လဲ..။

တာဝန်အရ လို့ ပြောပြီး အလွယ်တကူ လုပ်ပေးနေတာမို့ စိတ်မသက်သာစွာဖြင့် ရေချိုးခန်းထဲ ပြန်ဝင်၍ အဝတ်လဲလိုက်ရသည်။

အဝတ်အစား တွေ လဲဝတ်ပြီးချိန် တံခါး အဆင်သင့် ဖွင့်ပေးပြန်သည်။

ဒီမိန်းမ လူကို အမျိုးမျိုး စိတ်ဒုက္ခပေးနေတာပါပဲ..။

ဇင်သန့်  သက်ပြင်းချရင်း ဓာတ်လှေကားထဲကို ဝင်လိုက်သည်။

လေးညှို့ရှင်Donde viven las historias. Descúbrelo ahora