Part 31

2K 113 2
                                    

လေးညှို့ရှင်

အပိုင်း(၃၁)

08190605

#လေးညှို့ရှင်

"ဘယ်လို....လီလီ....ကလေးက မေရတီရဲ့ အိမ်မှာ ဟုတ်လား.."

ဇင်သန့် ထိုင်နေရာက မတ်တက် ရပ်လိုက်မိသည်။

မဖြစ်နိုင်တာ...။

အသီနာ့ကို မကျေနပ်တောင် ကလေးရှိတယ်ဆိုတာ ဘယ်လိုသိလဲ..။

သတင်းထွက်လို့ မရအောင် လျှိုဝှက်ထားတာပဲလေ..။

"လေဒီလည်း ရောက်နေတယ်..သခင် ပြန်လာပါလား."

"အင်း...ခုလာခဲ့မယ်..."

ဇင်သန့် ကားကို အရှိန်မြင့်မောင်း၍ စိတ်လောနေမိသည်။

သုသု အတွက် စိတ်ပူသလို ဘာမှမတော်စပ်သော်လည်း ကိုယ့်သွေးသားလို့ ခင်တွယ်နေသည့်ကလေးကိုလည်း မြင်ယောင်နေမိသည်။

ဇင်သန့် ၀င်သွားတော့ လေဒီက ကွန်ပျူတာတွေဖြင့် အလုပ်ရှုပ်နေသည်။

"ဂျီပီအက်စ်ကို ဖွင့်ထား..."

"ဟုတ်ကဲ့..."

"လေဒီ.."

"မစ္စတာဇင်သန့်...ထိုင်ပါ.....အကုန် အပြင်ထွက်.."

"ဟုတ်ကဲ့..."

၀န်ထမ်း လေးယောက် က ထွက်သွားတော့ လေဒီက ကွန်ပျူတာကိုကြည့်ရင်း ဇင်သန့်ကို ဖိုင်တစ်ခု လှမ်းပေးသည်။

"မဖြစ်နိုင်ဘူးလို့ တွေးနေတယ်မလား မစ္စတာဇင်သန့်...တကယ်တော့ မေရတီက အဓိက ရန်သူပဲ"

"ဟင်...."

ဇင်သန့် နားမလည်နိုင်လို့ ငေးကြောင် ကြည့်နေမိချိန် လေဒီက တစ်ချက် လှည့်ကြည့်သည်။

"မေရတီ အဖေကို မစ္စတာဂျော့လုပ်ကြံခဲ့တယ်ဆိုတာ မမှန်ပါဘူး..မေရတီရဲ့ အဖွားက လိမ်ခဲ့တာပါ...သူ့အမေနဲ့အဖေ က ခုချိန်ထိ ဒီမှာ ရှိနေသေးတယ်...သူတို့ကြောင့် မစ္စတာဂျော့တို့ အခြေပျက်ပြီး နိုင်ငံထဲကို ခုချိန်ထိ ပြန်၀င်လို့မရခဲ့ဘူး...ပိုင်ဆိုင်သမျှကိုလည်း သူတို့ နာမည်နဲ့ ဆိုတော့ လွယ်လွယ်ယူလိုက်နိုင်တယ်လေ....အသီနာ ငယ်ငယ်ကတည်းက သူ့အဖေက ဒီကိစ္စ အတွက် တာ၀န်ယူရမယ်လို့ ပြောခဲ့တယ်...ဒါကြောင့် သူ့အဖေရဲ့ အမှန်တရားအတွက် သူပြန်ရောက်လာတာပဲ..."

လေးညှို့ရှင်Where stories live. Discover now