Part 34

2.2K 118 5
                                    

လေးညှို့ရှင်

အပိုင်း(၃၄)

09231044

#လေးညှို့ရှင်

"အ..."

အသီနာ လက်ကို လေ့ကျင့်ခန်းလုပ် ကြည့်ချိန် နှုတ်ခမ်းကိုက်ရင်း မြိုသိပ်ပေမဲ့ အသံထွက်သွားသည်။

ထင်ထားတဲ့ အတိုင်း ခြေသံကြားရတော့ မျက်ခုံးတွန့်ကာ ဆိုဖာ မှာပြန်ထိုင်နေလိုက်ရသည်။

ကျစ်..ငါက သူ့ကို ဘာလို့ ကြောက်ရမှာလဲ..။

"ဘာဖြစ်လို့လဲ...ဘော့စ်.."

"......."

အသီနာ ခေါင်းရမ်းလိုက်ပေမဲ့ သူ့လက်ထဲက ညစ်ပေတူးနေသည့် ပူတင်းဆီကို အကြည့်ရောက်သွားသည်။

ဒက်ဒီကလည်း ၀န်ထမ်းနည်းနည်းလောက် ပို့ထားရင် ဘာဖြစ်မှာမို့လို့လဲ...။

ကလေး တစ်ကောင်ချီ တစ်ကောင် လက်ကဆွဲပြီး အလုပ်များနေသည့် သူ့ကို တွေ့ရတာလည်း စိတ်ပျက်စရာ ကောင်းသည်။

"ဘော့စ် တစ်ခုခု လိုအပ်ရင်ခေါ်လိုက်...."

"အမ်း..."

ကလေးနဲ့ မီးဖိုခန်းထဲ ပြန်၀င်သွားတော့ ဂျယ်လီလေး က ကြောင်တောင်တောင်ဖြင့် မတ်တက်ရပ်၍ ကျန်ခဲ့သည်။

အသီနာ မျက်လုံးပြူးပြလိုက်တော့မှ သူ့အဖေ နောက်ကို ပြေးလိုက်သွားတော့သည်။

"အီး..."

"အေးပါကွာ...ခဏလေး...."

"........."

"ဘော့စ်..."

"ကျစ်.."

အခုတော့ သူခေါ်လိုက်တာနဲ့ တစ်ခုခု ခိုင်းတော့မယ်ဆိုတာ အလိုလို သိနေသည်။

အသီနာ တွေးနေတုန်းရှိသေးသည် ပန်းကန်ကိုင်ပြီး ပြန်ရောက်လာပြန်ပြီ.။

"ဗီဗီ ကို ရေချိုး အ၀တ်အစားလဲပေးရဦးမယ်...ဝီ၀ီကို ဘော့စ် မုန့်ခွံလိုက်...ကုန်အောင် ဖြည်းဖြည်းချင်း ခွံ့နော်..."

အသီနာ ပြန်ပြောတာကို မစောင့်ပဲ လက်ထဲ ပန်းကန်ထိုးထည့်ပြီး ပြန်ပြေးသွားတော့ မျက်မှောင်ကြုတ်ရင်း ကျန်ခဲ့ရသည်။

လေးညှို့ရှင်Donde viven las historias. Descúbrelo ahora