Part 21

1.7K 101 1
                                    

လေးညှို့ရှင်

အပိုင်း(၂၁)

#လေးညှို့ရှင်

"ဘော့စ်....ကျွန်တော် ဘာဖြစ်လို့ ရေထဲ ရောက်နေတာလဲဟင်.."

"ငါ ကန်ချထားတာ.."

ဇင်သန့် အိပ်ရာနိုးလာတော့ ရေစိုနေတဲ့ သဲပေါ်မှာ တစ်ကိုယ်လုံး ထုံကျဉ်နေပြီ..။

လှေကြိုးဖြည်ရင်း ပြောလိုက်တဲ့ သူ့စကားကြောင့် မျက်မှောင်ကြုတ်မိသည်။

ညတုန်းက မီးပုံဘေးမှာ  အရက်တွေ သောက်ခဲ့တာသာ မှတ်မိသည်။

သူ့ကို တစ်ခုခု လုပ်မိလို့လား..။

မဖြစ်နိုင်ပါဘူး...သူ့ကိုသာ တစ်ခုခု လုပ်မိခဲ့ရင် ခုချိန် ဇင်သန့် အသက်ရှိနေမှာ မဟုတ်ဘူး...။

"ဟေ့...အရူး...တွန်းလေ..."

"သြော်....အင်း..."

ဇင်သန့် လှေကို တွန်းပြီး လှော်တက်ကို ကိုင်၍ ရှေ့ဘက်မှာ ထိုင်လိုက်သည်။

"အ."

ဇင်သန့် လက်မောင်းကနေ ဆောင့်ဆွဲချလိုက်တော့ ရေထဲကို ပြုတ်ကျသွားသည်။

"ရှေ့မှာ ထိုင်ဖို့ အရည်အချင်း ရှိလို့လား.."

သူက လှေရှေ့မှာ ဝင်ထိုင်ပြီး လှေကို လှည့်တော့မှ ဇင်သန့် သဘောပေါက်ပြီး နောက်မှာ ထိုင်လိုက်ရသည်။

ကျွန်းကို တစ်ချက် ကြည့်ပြီးနောက် ဇင်သန့် သက်ပြင်းခိုးချမိသည်။

ကိုယ်သာဆို ဒီလို နေရာမှာ ဒီလိုပုံစံ နေနိုင် ဖို့ မလွယ်..။

"ဘော့စ်ကို ကျွန်တေ်ာ ဝန်ခံစရာ တစ်ခုရှိတယ်..."

"မသေချင်ရင် ပါးစပ်ပိတ်ထား..."

"ဟင်..."

ဇင်သန့် နှုတ်ပိတ်နေရပေမဲ့ ပြောလိုက်မှ ဖြစ်မယ်ထင်လို့ အရင်ဆုံး စိတ်ကို ပြင်ဆင်ရသည်။

ပင်လယ်ထဲ ပြုတ်ကျလည်း လှေကိုတော့ တွယ်ဖက်ထားရမည်။

"......"

"မမ ကို ပြဿနာသွားမရှာနဲ့နော်...တစ်ခါတုန်းက မမ ရဲ့ စာ တစ်စောင် ကျွန်တော့်အခန်းထဲ ရောက်လာဖူးတယ်..."

လေးညှို့ရှင်Tempat cerita menjadi hidup. Temukan sekarang