Unicode
ရိပေါ်တစ်ယောက် အိပ်ရာအပြောင်းအလဲကြောင့် အိပ်၍မပျော်။ အပြင်ဘက်မှာ မိုးတွေကလည်း တအုံးအုံးနဲ့။ လျှပ်စီးတွေကလည်း တလက်လက်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက်။ အကြောင်းမဲ့သက်သက်နဲ့ပဲ အပေါ်ကမျက်နှာကျက်ကိုသာ ကြောင်ကြည့်နေမိသည်။
အခုချိန်မှာဆို သူ့အချစ်တော်ကြီး ဘာတွေလုပ်နေသလဲ။ အလုပ်တွေအရမ်းလုပ်ပြီး ညဆိုကောင်းကောင်းမှအိပ်ပါရဲ့လား။ ပုံမှန်ရော ထမင်းစားရဲ့လား။ နေ့လယ်ခင်းဆိုလည်း ကောင်းကောင်းစားလို့ ဝင်ရဲ့လား၊ ခံတွင်းမှတွေ့ရဲ့လားဆိုတာ ရိပေါ်တို့ နေ့တိုင်းတွေးနေတဲ့ အတွေးတွေ။
ရိပေါ်အိပ်တဲ့ အချိန်တိုင်းကျန့်ကော အိပ်နေရဲ့လား။ ရိပေါ်နေ့လည်စာ စားနေတဲ့အချိန်တိုင်း ကျန့်ကောရော စားနေရဲ့လား။ အလုပ်တွေအရမ်းလုပ်ပြီး ပင်ပန်းနေတဲ့အချိန် သေချာဂရုစိုက်ပေးတဲ့သူရော ရှိရဲ့လား။ အဲ့အတွေးတွေကို ရိပေါ် ၁၆နှစ်လောက်တည်းက တွေးလာခဲ့ရတာ။ နေ့ရက်တွေအချိန်တွေ ကုန်ဆုံးသွားပေမဲ့လည်း အတွေးတွေကတော့ မရပ်တန့်ခဲ့။ အဲ့သည်လောက်ထိ ကျန့်ကောကိုချစ်တာ။
အခုလည်း ကျန့်ကောရဲ့အိမ်မှာ အိပ်နေရတယ်ဆိုတာက လုံးဝမမျှော်မှန်းထားတဲ့ ဖြစ်ရပ်တစ်ခု။ တကယ်တမ်း သူဘဝမှာဖြစ်ချင်တဲ့ တစ်ခုတည်းသော အရာက 'ကျန့်ကောကိုရိပေါ်လေးက အခုချိန်ထိ စောင့်နေတယ်'ဆိုတာကို သိစေချင်လို့။ ဒါလေးပဲ...
ပြီးရင် ကိုယ့်ဘဝကိုယ်ကျောင်းရမှာပဲလေ။ ကိုယ့်အိပ်မက်အတွက်လည်း ကိုယ်ကိုယ်တိုင်ကြိုးစားရဦးမှာပေါ့။ ရိပေါ်ရဲ့အိပ်မက်ကဘာလဲလို့ မေးလာရင် ဖြေစရာတစ်ခုတည်းပဲရှိတယ်။ သူ ကျန့်ကောလိုလူမျိုး ဖြစ်ချင်တယ်။ ကျန့်ကောလို အနုပညာအလုပ်တွေလုပ်ချင်တယ်။ ပြောရရင်တော့ သရုပ်ဆောင်ဖြစ်ချင်တာပေါ့လေ။ ဒီအိပ်မက်ကလည်း ကျန့်ကောကို အခြေပြုပြီးမွေးဖွားလာတဲ့ဟာ။
ရိပေါ်လေးရဲ့ အတွေးတွေကို အမြဲစိုးမိုးထားတာက
ကျန့်ကောတစ်ယောက်တည်းပဲရှိတယ်။ အခုလို ညအိပ်ခါနီးမှာတောင် ကျန့်ကောအကြောင်းတွေးနေရင် မျက်နှာကြီးပြုံးစိစိနဲ့ အိပ်မပျော်တော့။ ဘယ်လိုမှန်းကိုမသိပါဘူး။ ကောအကြောင်းတွေးလိုက်ရင်ကို အလိုလိုပြုံးမိနေတော့ ခက်သား။ ဒါကိုလည်း အချစ်လို့ပြောလို့ရတယ်မလား။

YOU ARE READING
After six years...(Complete)
Fanfiction(Unicode) ကျန့်ကောက interview တစ်ခုမှာ ပြောဖူးတယ်မလား နောက်ခြောက်နှစ်နေမှ(သူ၃၅နှစ်ရောက်မှ) လက်ထပ်မယ်လို့လေ။ အဲ့တာနောက်ခြောက်နှစ်ပြည့်ပြီးတော့ သူ့ရဲ့ fanboyလေး yiboက ကျန့်ကော ပြောခဲ့တဲ့အတိုင်း ကျန့်ကောကို ဖွင့်ပြောဖို့ ရွာကနေတက်လာပြီး လာတွေတဲ့အခါမှ...