Ep-3

786 75 13
                                        

Unicode

သူ့ရှေ့မှာ ခပ်တည်တည်နဲ့ထိုင်နေတဲ့ကျန့်ကော။ မျက်လုံးချင်း မဆုံမိအောင် သေချာရှောက်လွှဲနေရသည်။ အခုလိုစိုက်ကြည့်ခံနေရတော့လည်း ရင်ထဲမှာ တစ်မျိုးကြီးပဲ။ ရိပေါ်အလိုက်တသိနဲ့ ခေါင်းလေးသာငုံ့နေလိုက်သည်။ ကိုယ်က ကောကိုသိတာကြာပြီဆိုပေမဲ့ ကောကတော့ သူ့ကိုအခုမှတွေ့ဖူးတာမလား။

ရိပေါ် စီစဉ်ထားသမျှက အကုန်အလကားဖြစ်သွားပြီ။ ကိုယ့်idolရဲ့အရိပ်ကိုတောင် မမှတ်မိဘဲ ပန်းအိုးနဲ့ကောက်ပေါက်တဲ့ သူ့လိုfan ဒီကမ္ဘာမှာရှိပါဦးမလား။
ဒီဟာက ယူတတ်ရင်သင်ခန်းစာပဲ fanတို့ရေ၊ ကိုယ့်idolရဲ့အရိပ်သာမက အမွေးလေးတစ်ချောင်းကိုတောင် မြင်မြင်ချင်းမှတ်မိနေအောင် အလွတ်ကျက်သင့်ရင်ကျက်ထားကြတော့၊ ဟုတ်ပြီလား။
အခုတော့ဝမ်ရိပေါ်ဘဝက စဉ်းစားထားတာနဲ့တခြားစီ။တွေ့ရင်ပြေးဖက်မယ်ဆိုတာကို မပြောနဲ့ဦး အခုလိုရှေ့တည့်တည့်မြင်နေရတာတောင် ကိုယ်တိုင်က အဝေးဆုံးကို ထွက်ပြေးချင်နေတာ။

"ဟင်းးး"
ကောရဲ့ သက်ပြင်းချသံကြီးက ဧည့်ခန်းတစ်ခုလုံးကို ဝါးမြိုသွားမယောင် သိပ်ကိုကျယ်လောင်တာပဲ။ ထိုင်နေတဲ့ရိပေါ်တောင် တောင့်သွားတယ်။

သေပါပြီ မားမားကယ်ပါ ရိပေါ်ဘဝတော့ ကျန့်ကောလုပ်တာ ခံရတော့မယ်ထင်တယ်! သူ့အိမ်လည်းလာနေသေးတယ်။ အိမ်ပိုင်ရှင်ကို သူခိုးလို့ပြန်စွပ်စွဲတဲ့လူက ရိပေါ်တစ်ယောက်ပဲရှိမယ်ထင်တယ်။

"ကဲ ပြောပါဦး၊ နာမည်က ဝမ်ရိပေါ်၊
ဒီကိုဘယ်လိုရောက်နေသလဲ"

ကျန့်ကောက ရိပေါ်ရဲ့ မှတ်ပုံတင်ကြီးကိုင်လျက် မျက်ခုံးတစ်ဖက်ပင့်ကာ မေးလေသည်။
ဟုတ်တယ်လေ။ ရိပေါ်က သူ့ကိုမယုံမှာစိုးတာနဲ့ပဲ ပိုင်ဆိုင်သမျှ အကုန်ပြ‌ပစ်လိုက်တာ။ မှတ်ပုံတင်တွေရော၊ ရွာကပါလာတဲ့ အဝတ်ထုပ်တွေရော။ ရှိသမျှ အကုန်လှန်လှောပြလိုက်တယ်။ ဒါမှ သူကသူခိုးမဟုတ်ပါဘူးဆိုတာ ကျန့်ကောယုံအောင်လို့။ ကိုယ့်idolထံက အနည်းဆုံးသူခိုးဆိုတဲ့ စွပ်စွဲချက်တော့မလိုချင်ပါ။

ဆံပင်လေးတွေစိုနေတဲ့ ကျန့်ကောက သိပ်ဆွဲဆောင်မှုရှိတာပဲ။ ရိပေါ်ကတော့ မခို့တရို့လေး ခိုးခိုးကြည့်ရတာအမော။ အနီးကပ်ကြီးဆိုတော့ အိပ်မက်လားတောင်ထင်ရတယ်။ ပီတိတွေကိုဖြာလို့။ ပါးစပ်ကြီးကလည်း တဖြေးဖြေးနဲ့ ပြုံးဖြဲကြီးဖြစ်လာလို့ မနည်းပြန်စုနေရတယ်။
အရေးထဲ နှာဘူးထနေတဲ့ ရိပေါ်တစ်ယောက်ကတော့ ကျန့်ကောရဲ့‌ ဒေါသကိုမမြင်မိပါ။ သူ့အချစ်တော်ကြီးက စိတ်ဆိုးနေရင်တောင် ချောနေတာဆိုတော့လေ။

After six years...(Complete)Tahanan ng mga kuwento. Tumuklas ngayon