Ep-6

619 40 11
                                        

Unicode

After six years...

ကောကတော့ အိပ်ပျော်နေလိုက်တာ၊ အေးချမ်းလို့။ သူကသာ အလုပ်တွေကြားထဲမှာ ဟိုပြေးလိုက်ရ ဒီပြေးလိုက်ရနဲ့။ ည၁၂ကျော်ပြီးလို့ နောက်တစ်နေ့ကူးနေပြီဖြစ်သော်လည်း ပြန်လာခဲ့မယ်နော်လို့ ပြောခဲ့တဲ့အတိုင်း ရိပေါ် အလုပ်ပြီးပြီးချင်း တန်းပြန်လာခဲ့သည်။ သို့သော် ကောကတော့ အိပ်ပျော်နေလေပြီ။

ရိပေါ် တစိမ့်စိမ့်ကြည့်လေ ကောရဲ့မျက်နှာသွင်ပြင်လေးက ပိုပြီးချောမောလေပဲ။ ဒါက ဓာတ်ပုံထဲကထက်တော့ အများကြီးကွားခြားတယ်။ မှည့်လေးကလည်း ပိုပြီးထင်ထင်ရှားရှားနဲ့ အဖျားရှိန်ကြောင့် မျက်နှာလေးက နီရဲရဲလေးဖြစ်နေတဲ့ ကောလိုယောက်ျားလေးမျိုးက အခုချိန်ထိ ရည်းစားမရသေးတာ သိပ်အံ့ဩဖို့ကောင်းတာပဲ။ ဒါလည်း ကောင်းတာပဲ။ ရိပေါ်ရှေ့ဆက်တိုးလို့ရတာပေါ့။

အဲ့ဒီလူကသူမဟုတ်ရင်တောင် ကောရဲ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူနေထိုင်သွားနိုင်ပြီး သစ္စာရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အဓိကက ကောတစ်သက်လုံး တစ်ယောက်တည်း အထီးကျန်စွာ မနေသွားရဖို့ပဲ။

ခုတင်ဘေးမှာပဲ ရိပေါ်ခွေခွေလေး အိပ်ပျော်သွားမိသည်။ အပြင်ထွက်ရင် မင်းသားတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ဘယ်လောက်ပဲ ဖူးဖူးမှုတ်ခံထားရပါစေ ကောရဲ့ရှေ့မှာတော့ ကောရဲ့ခြေဖျားလေးလောက်တောင်မမီတဲ့ ရိုးရိုး fanboy လေးတစ်ယောက်ပဲ။

ရှောင်းကျန့်အိပ်ရာနိုးတော့ ရိပေါ်လေးက ခုတင်အောက်မှာ အိပ်နေတုန်း။ ဒီကလေးနဲ့ ဘယ်အချိန်ကတည်းက ဒီလိုအိပ်နေတာလဲ မသိဘူး။ ညက သူပြန်လာခဲ့မယ်လို့ ပြောသွားတော့ ရှောင်းကျန့်တစ်ယောက် စောင့်နေသေးတယ်။ နောက်တော့မှသာ ဆေးအရှိန်တွေနဲ့ အိပ်ပျော်သွားတာ။ ဒီလိုခွေခွေလေးအိပ်နေတော့လည်း သူကစိတ်မကောင်းဖြစ်ရပြန်တယ်။

"ဟေ့ ဝမ်ရိပေါ် ထဦး၊ မင်းဒီနေ့ လုပ်စရာမရှိဘူးလား"

လက်မောင်းကို ခပ်ဖွဖွရိုက်ကာ နှိုးလိုက်တော့ အင်းအဲနဲ့ ဝက်ပေါက်လေးအတိုင်း နှုတ်သီးကခပ်ဆူဆူ။ ဆံပင်တွေကလည်း ထိုးထိုးထောင်ထောင်။

After six years...(Complete)Dove le storie prendono vita. Scoprilo ora