Ep-1

2K 103 12
                                        

Unicode

၀မ်ရိပေါ်တစ်ယောက် ပေကျင်းမြို့လယ်ခေါင်မှာရှိတဲ့ နှစ်ထပ်တိုက်အိမ်ကြီးရှေ့မှာ သူ့အရပ်လောက်ရှိသည့် ဆာလာအိတ်ကြီး လွယ်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။ ဘေးနားမှာလည်း ခွေးတရုန်းရုန်းနဲ့။ မမီတဲ့အရပ်နဲ့ ခြံထဲကိုလှမ်းလှမ်းကြည့်ရတာလည်း အမော။

အိမ်ဆိုလို့ သူ့အိမ်ထင်နေဦးမယ်။ တကယ်တော့ သူ့ အချစ်တော်ကြီး xiao zhanရဲ့အိမ် အဟီးဟီး။
အချစ်တော်ကြီးလို့ ပိုင်စိုးပိုင်နင်းပြောရတာ အရသာရှိလိုက်တာ။ နောက်ဆို အဲ့လိုနေ့တိုင်းခေါ်ရတော့မှာဆို‌တော့ ကြိုလေ့ကျင့်ထားတာလေ အဟားဟား။

ဆိုတော့ကာ...
၀မ်ရိပေါ်တို့က အချစ်တော်ကြီးကို ပိုးပမ်းဖို့ ရွာကနေတကူးတကကို တက်လာရတာ ဟဲဟဲ။
အချစ်အတွက် ဒီလောက်တော့ စွန့်လွတ်သင့်ရင် စွန့်လွတ်ရမှာပေါ့လေ။ မဟုတ်ဘူးလား။

စောင့်လာရတာ တော်တော်ကြာပြီမဟုတ်လား။ ကျန့်ကောက သူ၃၅နှစ်ကျမှ အိမ်ထောင်ပြုမယ်လို့ဖြေထားတယ်လေ။ ပြီးတော့ သူ့fanတွေကိုလည်း မင်းတို့ငါ့ကိုလက်ထပ်ချင်ရင် အဲ့ကျမှလာပြောလို့ ပြောထားတာမလား။ အဲ့တော့ ဝမ်ရိပေါ်တို့က စောင့်နေရတာ တော်တော်ကြာပြီ။

ကျန့်ကောက သရုပ်ဆောင်လောကထဲက ထွက်သွားခဲ့တာလည်း ‌လေးနှစ်လောက်ရှိ‌နေပြီ။ အဲ့တုန်းကဆို ဝမ်ရိပေါ်တို့ ကမ္ဘာပျက်မတတ် ငိုခဲ့ရသေးတာ။ တစ်လလောက် အိပ်မရ၊ စားမရဖြစ်ခဲ့သေးတယ်။ ကျန့်ကောမှာ ဘာအခက်အခဲတွေရှိနေလဲဆိုပြီး တွေးပူနေလို့ အိပ်မရခဲ့တဲ့ ညတွေလည်း အလီလီ။

တစ်နေ့‌နေ့မှာကျန့်ကောရှေ့ အရောက်သွားနိုင်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ မိဘမဲ့လေးတစ်ယောက်ဖြစ်တဲ့ ရိ‌ပေါ်က အရမ်းကြိုးစားခဲ့ရတယ်။ အဲ့လိုကြိုးစားဖို့ အားအင်ကိုလည်း ကျန့်ကောကပဲ ပေးနိုင်ခဲ့တယ်။ အဲ့တာ‌ကြောင့် ကျန့်ကောက ရိပေါ်ရဲ့ တစ်သက်တာidolကြီး။ ပြီးတော့ တစ်သက်တာ အချစ်တော်ကြီးလည်း ဖြစ်တယ်။ ရိပေါ်အချစ်တွေကို ကျန့်ကောကို အကုန်ပေးပြီးသားပဲလေ။

အခုဆိုရင် ကျန့်ကောက စီးပွားရေးလောကထဲမှာ ကျင်လည်နေခဲ့တာ တော်တော်လေး အောင်မြင်နေပြီ။ အတွင်းရေး‌တွေဆို အမြဲသိုသိုသိပ်သိပ်လေးထားတတ်တဲ့ ကျန့်ကောကြောင့် ရိပေါ်လေးက အသေးစား stalkerလေးကို ဖြစ်လို့။

After six years...(Complete)Où les histoires vivent. Découvrez maintenant