Ep-8

646 61 18
                                        

Unicode

‌‌ရှောင်းကျန့် အလုပ်လုပ်နေရင်း "မင်းသားဝမ်ရိပေါ်က ဝင်ခွင့်တောင်းနေပါတယ်"ဆိုတဲ့အ‌ကြောင်းကို အတွင်းရေးမှူးလေးက လာပြောသည်။ ရှောင်းကျန့် ဝင်ခဲ့ခိုင်းလိုက်ပြီး ကိုယ့်အလုပ်ကိုသာ အာရုံစိုက်၍ ဆက်လုပ်နေလိုက်သည်။

လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက မတွေ့ရတော့တဲ့ ဝမ်ရိပေါ်။ ထိုနေ့ညက နှုတ်ဆက်ပြီးကတည်းက စာမလာသတင်းမကြားတဲ့သူကို မျှော်နေစရာလည်း မလိုသလို အရေးလုပ်စရာလည်း မလိုဘူးမလား။ အချိန်တန်ရင် လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ်ပဲ။ တစ်လမ်းစီ လျှောက်ကြရမှာပဲလေ။ ကြားထဲမှာ မလိုတဲ့သံယောဇဉ်တွေကိုလည်း မထားချင်တော့ဘူး။ နောက်ဆုံးတော့ ကိုယ်ပဲပင်ပန်းရမှာ။ ရှောင်းကျန့်ကတော့ အဲ့လိုသာအမြစ်ဖြတ်တွေးတောထားလိုက်သည်။

"ကျန့်ကော မတွေ့တာကြာပြီနော်၊ လွမ်းနေတာ"

သူ့ကို စူးစိုက်ကြည့်နေသည့် ဝမ်ရိပေါ်အား မျက်နှာလွှဲကာ မဲ့ပြုံးပြုံးလိုက်သည်။
Edited(A/N လူပျိုကြီးစိတ်ကောက်နေလို့ တစ်မိနစ်လောက်ငြိမ်သက်ပေးကြပါဦး ◖⚆ᴥ⚆◗)

"ကဲပြော ဝမ်ရိပေါ်၊ ဘာကိစ္စရှိလို့လဲ"

ရှောင်းကျန့် ထိုင်ခုံမှထလိုက်ကာ ရိပေါ်ထိုင်နေသည့် ဆိုဖာနှင့် မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။

"ကော ဘာဖြစ်နေတာလဲ"
‌ရိ‌ပေါ် တစ်ခုခုဖြစ်ဟန်တူနေသည့် ကောရဲ့ မျက်နှာကို အသေအချာစူးစိုက်ကြည့်ကာ မေးလိုက်သည်။
ဝင်လာကတည်းက မျက်နှာမသာမယာနဲ့။
ကျန့်ကောက တစ်ခုခုကို အလိုမကျဟန် မျက်ခုံးတွေလည်း တွန့်ချိုးလျက်။ ရိုက်ကူးရေးပြီးပြီးချင်း တန်းလာရတဲ့သူက အမောကိုဆို့သွားတာပဲ။
သို့သော် လွမ်းနေခဲ့တာတော့ အမှန်။

"ဝမ်ရိပေါ် မင်းစကားတွေသိပ်မများနဲ့၊ လာတဲ့အကြောင်းရင်းကိုပဲပြော"

ကောက သူ့ကိုရဲရဲတောက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးလေတော့ အယောင်ယောင်အမှားမှားနဲ့ ခေါင်းငုံ့လိုက်မိပြန်တယ်။ ဘာလို့မှန်းမသိ ကောရဲ့ဒီလိုပုံစံမျိုးနဲ့ ရင်မဆိုင်ရဲသေး။
ကော ဒေါသထွက်နေတာသေချာထင်တယ်။

After six years...(Complete)Kde žijí příběhy. Začni objevovat