သံစဥ္မဲ့ေတး

321 22 0
                                    

သံစဥ္မဲ့ေတး( Intro)

ဘဝမွာအေရးႀကီးဆံုးကေပ်ာ္ရႊင္တဲ့မိသားစုကို ပိုင္ဆိုင္ဖို႔ပဲမဟုတ္လား။ေပ်ာ္ရႊင္ျခင္းမ႐ွိရင္ ခ်မ္းသာျခင္း၊ဂုဏ္ပကၠာသနပညာဆိုတဲ့အရာေတြကအဓိပၸါယ္မ႐ွိေတာ့ဘူးေလ......

ႀကီးက်ယ္ခန္းနားလွတဲ့အိမ္ျခံဝန္းႀကီးထဲမွာ ေပ်ာ္ရႊင္မႈစကားသံေတြတိတ္ဆိတ္လ်က္....

"သားေလး ဒီခံုေပၚမွာထိုင္ေနလိုက္အံုး ေမေမေဆးသြားယူေပးမယ္"

မိခင္က ေျပာေသာစကားကို ဘယ္သားသမီးမဆို လက္ခံသည္ျဖစ္ေစလက္မခံသည္ျဖစ္ေစ အေၾကာင္းၾကားဖို႔စကားေလးေတာ့ျပန္ေျပာၾကမည္မဟုတ္လား။ ဒါေပမယ့္ ေဒၚၾကည္မမ ရဲ႕တစ္ဦးတည္းေသာသားေလးကေတာ့ သူမေျပာၾကားသမ်ွကိုစကားျပန္မ​ေျပာေခ်။ ေဒၚၾကည္မမကေတာ့စိတ္ထဲတြင္ ၿငီးျငဴေနလိုက္သည္။
' သနားစရာငါ့သားေလးပါလား '

ေသာ္ဇင္ထြန္းဆိုေသာေကာင္ေလးသည္ ငယ္ငယ္ေလးကတည္းကစိတ္ေရာဂါသည္႐ွင္တစ္ေယာက္ျဖစ္ၿပီး ေဒၚၾကည္မမ၏သား အသက္က၁၈ႏွစ္ျပည့္ခါစပဲ႐ွိေသးသည္။ စိတ္ေရာဂါသည္ဆိုေပမယ့္ အသိစိတ္လြတ္ၿပီး႐ူးေနတာမ်ိဳးမဟုတ္ဘဲ ဘာကိုမွမခံစားတတ္တဲ့ႏွလံုးသားေလး ႐ွိ​ေနတာပါ။

" သား ေရာ့ေသာက္လိုက္ ဒီမွာေရ "
အေမျဖစ္သူထံမွစကားကိုၾကားေသာ္လည္း နည္းနဲ႔မ်ွမလႈပ္ေပ။
ပါးစပ္ထဲထည့္ေပးၿပီး တိုက္မွမ်ိဳခ်သည္။ ဒီကေလးမ်ိဳးကိုဘယ္သူကကယ္ႏိုင္မွာလဲ လို႔ေဒၚၾကည္မမေတြးေတာေနမိသည္။
...........

" ေဒါက္တာ လူနာနံပါတ္ ***ကလူနာကအေျခအေနနည္းနည္းေကာင္းလာၿပီ "

" ဟုတ္လား ကြၽန္ေတာ္ၿပီးရင္သြားစစ္ေဆးေပးမယ္ ဆရာမကဒီလူနာကိုခဏၾကည့္ေပးထားေနာ္ "

" ဟုတ္ကဲ့ပါ ေဒါက္တာ "

ေဒါက္တာ ေနထက္ဝင့္သည္ စိတ္ေရာဂါသည္ဆရာဝန္ေပါက္စျဖစ္သည္။ ငယ္ငယ္ကတည္းက အထူးကုဆရာဝန္ႀကီး ျဖစ္ခ်င္ေပမယ့္ မိသားစုစီးပြားေရးေၾကာင့္ အေျခအေနေတြေျပာင္းလဲသြားခဲ့သည္။

တစ္ေန႔မွာေတာ့ သူ႔အတြက္ေငြေရးေၾကးေရးအဆင္ေျပမယ့္အလုပ္မ်ိဳးကို႐ွာေတြ႔ခဲ့တယ္။ ဘာအလုပ္လဲ?.....စိတ္ေရာဂါသည္ေလး ေသာ္ဇင္နဲ႔ကေရာ ဘယ္လိုဆက္စပ္မႈ႐ွိမလဲ??

သံစဉ်မဲ့တေး( Intro)

ဘဝမှာအရေးကြီးဆုံးကပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ဖို့ပဲမဟုတ်လား။ပျော်ရွှင်ခြင်းမရှိရင် ချမ်းသာခြင်း၊ဂုဏ်ပက္ကာသနပညာဆိုတဲ့အရာတွေကအဓိပ္ပါယ်မရှိတော့ဘူးလေ......

ကြီးကျယ်ခန်းနားလှတဲ့အိမ်ခြံဝန်းကြီးထဲမှာ ပျော်ရွှင်မှုစကားသံတွေတိတ်ဆိတ်လျက်....

"သားလေး ဒီခုံပေါ်မှာထိုင်နေလိုက်အုံး မေမေဆေးသွားယူပေးမယ်"

မိခင်က ပြောသောစကားကို ဘယ်သားသမီးမဆို လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေ အကြောင်းကြားဖို့စကားလေးတော့ပြန်ပြောကြမည်မဟုတ်လား။ ဒါပေမယ့် ဒေါ်ကြည်မမ ရဲ့တစ်ဦးတည်းသောသားလေးကတော့ သူမပြောကြားသမျှကိုစကားပြန်မ​ပြောချေ။ ဒေါ်ကြည်မမကတော့စိတ်ထဲတွင် ငြီးငြူနေလိုက်သည်။
' သနားစရာငါ့သားလေးပါလား '

သော်ဇင်ထွန်းဆိုသောကောင်လေးသည် ငယ်ငယ်လေးကတည်းကစိတ်ရောဂါသည်ရှင်တစ်ယောက်ဖြစ်ပြီး ဒေါ်ကြည်မမ၏သား အသက်က၁၈နှစ်ပြည့်ခါစပဲရှိသေးသည်။ စိတ်ရောဂါသည်ဆိုပေမယ့် အသိစိတ်လွတ်ပြီးရူးနေတာမျိုးမဟုတ်ဘဲ ဘာကိုမှမခံစားတတ်တဲ့နှလုံးသားလေး ရှိ​နေတာပါ။

" သား ရော့သောက်လိုက် ဒီမှာရေ "
အမေဖြစ်သူထံမှစကားကိုကြားသော်လည်း နည်းနဲ့မျှမလှုပ်ပေ။
ပါးစပ်ထဲထည့်ပေးပြီး တိုက်မှမျိုချသည်။ ဒီကလေးမျိုးကိုဘယ်သူကကယ်နိုင်မှာလဲ လို့ဒေါ်ကြည်မမတွေးတောနေမိသည်။
...........

" ဒေါက်တာ လူနာနံပါတ် ***ကလူနာကအခြေအနေနည်းနည်းကောင်းလာပြီ "

" ဟုတ်လား ကျွန်တော်ပြီးရင်သွားစစ်ဆေးပေးမယ် ဆရာမကဒီလူနာကိုခဏကြည့်ပေးထားနော် "

" ဟုတ်ကဲ့ပါ ဒေါက်တာ "

ဒေါက်တာ နေထက်ဝင့်သည် စိတ်ရောဂါသည်ဆရာဝန်ပေါက်စဖြစ်သည်။ ငယ်ငယ်ကတည်းက အထူးကုဆရာဝန်ကြီး ဖြစ်ချင်ပေမယ့် မိသားစုစီးပွားရေးကြောင့် အခြေအနေတွေပြောင်းလဲသွားခဲ့သည်။

တစ်နေ့မှာတော့ သူ့အတွက်ငွေရေးကြေးရေးအဆင်ပြေမယ့်အလုပ်မျိုးကိုရှာတွေ့ခဲ့တယ်။ ဘာအလုပ်လဲ?.....စိတ်ရောဂါသည်လေး သော်ဇင်နဲ့ကရော ဘယ်လိုဆက်စပ်မှုရှိမလဲ??

သံစဉ်မဲ့တေး(သံစဥ္မဲ့ေတး)Where stories live. Discover now