သံစဉ်မဲ့တေး(part-11)
မိုးတွေရွာနေဆဲပဲ....
ဆေးရုံခေါင်မိုးပေါ်မှ ကျလာတဲ့မိုးရေစက်တွေရဲ့ အသံဟာ ခြောက်ခြားစရာပင်။
တစ်စုံတစ်ယောက်က ဆေးရုံကုတင်ပေါ်မှာ ကျောက်ရုပ်လိုလှဲလျောင်းနေတယ်။ ဘေးကလူနာစောင့်တွေကတော့ ခေါင်းငိုက်စိုက်ကျနေကြသည်။တစ်ခါတုန်းက အကိုနဲ့အတူရှိစဉ်က....
" အကို...မိုးရွာနေပြီ။ ကျွန်တော်ထီးမပါလာဘူး။ အကိုရောပါလား "
ကျောင်းစိမ်းတွေလည်း စိုတစ်ဝက်မစိုတစ်စက်ဖြင့် ဖရိုဖရဲဖြစ်နေသည်။ သို့သော် ကျောင်းလွယ်အိတ်လေးကိုတော့အစိုမခံနိုင် ကာကွယ်ထားကြသည်။
ထီးပါသောသူများက အိမ်တောင်ပြန်ရောက်နေကြပြီ။ ထီးမပါသောကောင်လေးနှစ်ယောက်ကတော့ ကျောင်းရှေ့ကသစ်ပင်အောက်တွင် မတ်တပ်ရပ်နေဆဲ...." ငါလည်းမပါဘူး ဆည်းဆာရာ.....ယူဖို့ကမေ့သွားတာ၊ မင်းကလည်းမပါလာဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ "
ထီးမပါတဲ့သနားစရာကောင်လေးနှစ်ယောက်ကို မိုးကမညှာတာ၊ ပိုလို့ပင်သည်းလာသည်။
" ဒီလိုလုပ်အကိုရာ အကို့အိမ်ကကျောင်းနဲ့နီးနီးလေးလေ အဲ့တော့အကို့အိမ်ကို ပြေးရအောင် "
ဖြိုးနောင်ရဲ့အိမ်က ကျောင်းရဲ့မျက်စောင်းထိုးလမ်းထဲဝင်ရင်တောင်ရောက်နေပြီဖြစ်သော်လည်း မိုးတိတ်သည်အထိ ဆည်းဆာ ကိုစောင့်ပေးနေသည်။ မိုးရေသည် မြေကြီးထဲမှလာတဲ့ရေနဲ့မတူ၊ အေးစက်လှသောကြောင့် နှစ်ယောက်လုံးချမ်းတုန်နေကြသည်။
" မိုးတိတ်တဲ့အထိ ငါကမင်းကိုစောင့်ပေးနေတာ....မထူးပါဘူး...မိုးကလည်းမတိတ်သေးဘူး။ ငါ့အနွေးထည်နဲ့ လွယ်အိတ်တွေကိုအုပ်ပြီး ပြေးမယ်။ "
" ဟုတ်အကို "
လူကိုစိုတာခံနိုင်ပေမယ့် ကျောင်းစာအုပ်တွေရေစိုတာမခံနိုင်သောကြောင့် လွယ်အိတ်တွေကို သေချာကာကွယ်ပြီး ဖြိုးနောင်အိမ်သို့ပြေးကြသည်။
အိမ်သို့ရောက်ရန် အလောတကြီး ပြေးလိုက်ရသည်မို့ ခြေလှမ်းမတူပဲ နှစ်ယောက်လုံးချော်ကျသွားသည်။ဆည်းဆာရဲ့ခန္ဓာကိုယ်ပေါ်သို့ ဖြိုးနောင်ပြုတ်ကျကာ အဝတ်ဖြင့်ပတ်ထားသော လွယ်အိတ်နှစ်လုံးသည်လည်း မျက်ပင်တွေကြား နှစ်မြုပ်သွားသည်။
YOU ARE READING
သံစဉ်မဲ့တေး(သံစဉ်မဲ့တေး)
Romanceကျွန်တော့်စိတ်ကို နားလည်လာတဲ့အချိန်မှာပဲ...အားလုံးဆုံးရှုံးသွားခဲ့တယ်...