သံစဉ်မဲ့တေး(part-6)
ဒီနေ့မိုးမရွာသလို နေလည်းမပူဘူး....အုံ့မှိုင်းမှိုင်းလေးဖြစ်နေတယ်။ ရာသီဥတုကောင်းသလို ငါ့စိတ်တွေလည်းပျော်ရွှင်နေတယ်...
မင်းအတွက်အကို ဟင်းရွက်တွေဝယ်လာတယ်...မင်းကြိုက်မယ်လို့မျှော်လင့်ပါတယ်သော်ဇင်...နေအမြန်ပြန်ကောင်းလာပါစေ....
ဒီနေ့မှ ဘာကြောင့်မှန်းမသိခြေလှမ်းတွေတက်ကြွနေတယ်
.....နောက်ဆုံးတော့ မင်းအိမ်ကိုရောက်လာပြီပဲ
ထုံးစံအတိုင်းသူပြတင်းပေါက်ရှေ့မှာထိုင်နေတယ်...
" သော်ဇင်..."
သူလှည့်ကြည့်တယ် ဖြေးဖြေးလေးပေါ့...အမူအရာတွေအရင်ကထက် သွက်လာတာမြင်ရလို့ဝမ်းသာပါတယ် သော်ဇင်.....
" အကို မင်းအတွက် လုပ်ပေးချင်တာရှိတယ် အိမ်အောက်ခဏလိုက်ခဲ့ပါလား"
သူ့အမူအရာက အိမ်အောက်လိုက်ချင်တဲ့ပုံမပေါ်ဘူး....
ဘာပဲဖြစ်ဖြစ် သူ့အတွက်လုပ်ပေးရမယ်" အင်....မသွားချင်လည်းရပါတယ် ဒီမှာပဲထိုင်နေလိုက်နော် အကိုပြန်လာမယ် "
ကျွန်တော်သူ့အတွက်အကောင်းဆုံးပြင်ဆင်ပေးမယ်..
တောင်းပန်ပါတယ်အကို အိမ်အောက်ဆင်းရလောက်တဲ့အထိကျွန်တော်သတ္တိမရှိသေးဘူး....စောင့်နေဆို စောင့်နေပါ့မယ်....
......
ကျွန်တော် ပြင်ဆင်ပြီးသွားပြီ
စံပယ်ရဲ့အကူအညီနဲ့ရတယ့် အရွက်ဟင်းလေးတစ်ပွဲပေါ့...
မင်းကြိုက်မယ်လို့ထင်ပါတယ် သော်ဇင်....ကျွန်တော် သူ့အတွက်ထမင်းနဲ့ဟင်းပွဲကို ယူသွားတဲ့အချိန်မှာ ဘာလို့ပျော်တဲ့စိတ်ဖြစ်နေမိတာလဲ...
" သော်ဇင်ရေ....အကို ညီအတွက်ထမင်းဟင်းပြင်လာတယ် စံပယ်ကအရွက်ကြိုက်တယ်ဆိုလို့အကိုချက်ပေးထားတာ လာ....စားရအောင်"
သော်ဇင် ဝမ်းနည်းဝမ်းသာဖြစ်သွားသည်။
ဟင်...အကိုကကျွန်တော့်ကိုဒီလိုဂရုစိုက်မှုတွေပေးနေတယ်။ ဘာလို့...အရင်ကမပေးခဲ့တာလဲအကိုရာ...။ ဘာလို့ ကျွန်တော့်ခံစားချက်တွေကို ထုတ်ပြခွင့်မရခဲ့တာလဲ...
YOU ARE READING
သံစဉ်မဲ့တေး(သံစဉ်မဲ့တေး)
Romanceကျွန်တော့်စိတ်ကို နားလည်လာတဲ့အချိန်မှာပဲ...အားလုံးဆုံးရှုံးသွားခဲ့တယ်...