သံစဉ်မဲ့တေး(part-9)
ဒီနေ့ရော ကျွန်တော့်ကို ဘယ်လိုအံသြမှုတွေ ပေးအုံးမှာလဲအကို.....
နေထက်နှင့် ဒေါ်ကြည်မမတို့စီစဉ်ထားသည့်အတိုင်း သော်ဇင်ကို ကျောင်းလိုက်ပို့ဖို့ ပြင်ဆင်ကြတော့သည်။ အရင်ဆုံး ဒေါ်ကြည်မမက သော်ဇင်ကိုအဝတ်အစားလဲပေးနေသည်။ မိုးပြာရောင်တီရှပ်လေးရယ် ဒူးဖုံးလောက်ဘောင်းဘီတိုလေးရယ်နဲ့ လိုက်ဖက်နေသောကြောင့် ကလေးသဖွယ်ဖြစ်နေသည်။
စံပယ်ကတော့ ကျောင်းသို့သွားရန် ကားရေဆေးနေသည်။ ကျောင်းကအိမ်နဲ့နီးပေမယ့် သော်ဇင်လမ်းမလျောက်နိုင်သောကြောင့် ကားဖြင့်သာသွားရပေမည်။
နေထက်သည်လည်း အရင်နေ့တွေနဲ့မတူဘဲ ခန့်ညားသန့်ပြန်သောကြောင့် မိန်းကလေးတိုင်းလိုလို ရင်ခုန်ကြမည်မှာ မလွဲပေ။ သို့သော် အခုချိန်ထိရည်းစားမထားဖူးသေးသော လူရိုးလေးပင်။သော်ဇင်ကို အဝတ်လှဲပေးပြီးတာတောင်မှ အိမ်အောက်ထပ်သို့ခေါ်မရသောကြောင့် ဒေါ်ကြည်မမ စိတ်အိုက်ရသည်။၁၀နှစ်လုံးလုံး အခန်းထဲကမထွက်သည့်လူကို အပြင်ခေါ်ထုတ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ သော်ဇင် ကိုခေါ်လို့ရအောင် နေထက်ကိုခေါ်ပြီး ဖျောင်းဖျစေသည်။
သော်ဇင်ကိုကြည့်ပြီး နေထက်ရုတ်တရက်တွေးလိုက်သည်မှာ... ဒါမူကြိုကလေးကိုကျောင်းလိုက်ပို့သလိုပဲ.....
အပြုံးတစ်ပွင့်ဟာ နေထက်မျက်နှာပေါ်သို့ ဖြတ်သွားသည်။" သော်ဇင်....အကိုလိုက်ပို့စရာရှိတယ်။ ညီအဲ့ဒီနေရာကိုကြိုက်မယ်ထင်လို့။ လိုက်ခဲ့ပါနော် အကိုတို့တွေပဲသွားမှာ သူစိမ်းဘယ်သူမှမပါဘူး။ သော်ဇင်၈နှစ်တုန်းက အပြင်တွေသွားဖူးသလိုပဲလေ ကြောက်စရာမလိုဘူး။ နော်...."
နေထက် စကားပြောနေသော်လည်း သော်ဇင်ရဲ့မျက်နှာကိုမမြင်ရပေ။ အရပ်ကလေးပုနေပြီး၊ ခေါင်းငုံ့ထားတာကြောင့် ဖြစ်သည်။ နေထက်သည် သော်ဇင်ရဲ့မျက်လုံးနဲ့ဆက်သွယ်ပြီး စကားပြောချင်သောကြောင့် မျက်နှာလေးကို သူ၏ညာဘက်လက်ဝါးဖြင့်အုပ်ကိုင်လိုက်သည်။
" အကို့မျက်လုံးကိုကြည့်..... ဘာအန္တရာယ်မှမရှိတဲ့နေရာကို အကိုခေါ်သွားမှာမို့လို့ ကြောက်စရာမလိုဘူး သိလား။ ညီရဲ့အမေလည်းပါတယ် အမလိုမျိုးရင်းနှီးနေတဲ့ စံပယ်လည်းပါတယ်လေ။ လိုက်ခဲ့မယ်မလား။ "
YOU ARE READING
သံစဉ်မဲ့တေး(သံစဉ်မဲ့တေး)
Romanceကျွန်တော့်စိတ်ကို နားလည်လာတဲ့အချိန်မှာပဲ...အားလုံးဆုံးရှုံးသွားခဲ့တယ်...