သံစဉ်မဲ့တေး(သံစဉ်မဲ့တေး)

48 13 0
                                    

သံစဉ်မဲ့​တေး(part-5)

ကျောင်းကြီးကမနှစ်ကလိုပဲ....

သူငယ်ချင်းတွေကတော့မတူတော့ဘူး နှစ်ကျအကိုကြီး၊အမကြီးတွေနဲ့လည်းရောတတ်ရတာဆိုတော့...

" ဟျောင့် မင်းပျင်းနေတာလား "

ပျင်းနေတာပေါ့ မနှစ်ကဆိုရွယ်တူသူငယ်ချင်းတွေနဲ့ဆော့လို့ရသေးတယ်.....အခုကျတော့ကိုယ့်ထက်အကြီးတွေကများနေတယ်.

" အင်း....နည်းနည်းတော့ပျင်းတယ်။ မနှစ်ကနဲ့မှမတူတော့တာအကိုရ စာတွေကလည်းခက်လိုက်တာ "

" ငါတို့နဲ့ပေါင်းရတာအဆင်မပြေလို့လား "

ဘယ်လိုသဘောမျိုးမေးလိုက်တာမှန်းမသိပေမယ့် သူနဲ့ပေါင်းရတာအဆင်ပြေပါတယ်

" အာ...မဟုတ်ပါဘူးအကိုကလည်း "

" ငါသိပါတယ်ကွာ....မင်းသူငယ်ချင်းတွေကဟိုဘက်အခန်းမှာလေ လွမ်းနေတာမလား ဟားဟားး...မုန့်စားကျောင်းဆင်းရင်သူတို့ဆီသွားမယ် "

ငါသွားမှာလား သူသွားမှာလား....

" ကျွန်တော်သွားရမှာလား "

" အေးပေါ့ ပြီးတော့...ငါလည်းလိုက်မယ်လေ သူငယ်ချင်းမရှိတော့ပျင်းနေတာနဲ့...."

" ဟုတ် လိုက်ခဲ့လေ ဒီတစ်ချိန်ပြီးရင် သွားမယ် "

" အေး...."
......

သူငယ်ချင်းတွေဆီသွားပြီးလို့ အတန်းတောင်ပြန်တတ်တော့မယ် အကိုဘယ်ရောက်သွားပါလိမ့်....မုန့်သွားဝယ်မယ်ပြောပြီးတော့...

သူပြန်လာချိန်ကိုအတန်းထဲတွင်စောင့်နေမိသည်....
လူတွေတောင်စုံနေပြီ ဆရာမလည်းလာနေပြီ အကိုဘာလို့မလာသေးတာလဲ....

ကျွန်တော်စဉ်းစားနေချိန်မှာပဲ ကျောင်းသားတစ်ယောက်အတန်းထဲကိုအပြေးဝင်လာတယ်။ အသဲအသန်ဖြစ်နေတဲ့ပုံနဲ့...

" ဆရာမရေ ဆရာမ "

" အေး.. ဟယ်ဘယ်လိုဖြစ်လာတာလဲ ဖြည်းဖြည်းပြောစမ်း"

ထိုကျောင်းသားဟာတော်တော်လေး ပြေးလာပုံပေါ်တယ်

" ဖြိုး....ဖြိုးနောင်...ဖြိုးနောင် တခြားကျောင်းကလူတွေနဲ့ရန်ဖြစ်ကြတာ ခေါင်းနည်းနည်းထိသွားတယ် .....အဲ့ဒါ...ဟို...ကျောင်းအုပ်ကြီးကဆရာမကိုခေါ်ခိုင်းလို့ "

သံစဉ်မဲ့တေး(သံစဥ္မဲ့ေတး)Where stories live. Discover now