သံစဉ်မဲ့တေး(သံစဉ်မဲ့တေး)

52 13 3
                                    

သံစဉ်မဲ့​တေး(part-4)

ဒီနေ့လည်းမိုး​တွေသည်း​နေတယ်.....
မိုးနှောင်းကာလကိုဘာလို့မိုးသည်းနေရတာလဲ

ဒီနေ့အလုပ်စဝင်ရမယ်​နေ့မဟုတ်လား..စောစောသွားမှ...

မနေ့က ရာဇာ နဲ့စီးခဲ့တဲ့ကားနံပါတ်ကိုစောင့်ပြီး လူနာအသစ်အိမ်ကိုသွားခဲ့တယ်
ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးရှိတဲ့နေရာတစ်ဝိုက်က ကြောချမ်းစရာ...

သော်ဇင်တို့အိမ်ရှေ့ရောက်ရော ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး..." ဟလိုအန်တီ ကျွန်​တော်အိမ်​ရှေ့​ရောက်​နေပြီ "

နောက်တော့ ဒေါ်ကြည်မမ ကိုယ်တိုင်ခြံတံခါးလာဖွင့်ပေးသည်။ မနေ့ကထက်ပိုသားနားစွာဝတ်ဆင်ထားတဲ့ ဒေါ်ကြည်မမ..

အပြင်သွားစရာရှိလို့ထင်တယ်...

" ဆရာလေးရောက်တဲ့အချိန်ကကွက်တိပဲ အန်တီအပြင်သွားစရာရှိလို့ သားလေးနဲ့ထားခဲ့မယ်နော် "

" ဟုတ်ကဲ့ဗျ "

နောက်တော့ ဘေးနားကကောင်မလေးကိုပြပြီး " အော် ပြီးတော့လိုအပ်တာရှိရင်လည်း သူ့ကိုပြောလို့ရတယ် သူ့နာမည်ကစံပယ်တဲ့.... ဒါဆို အန်တီသွားတော့မယ်နော် "

" ဟုတ်ကဲ့ ဂရုစိုက်သွားပါအန်တီ "

" အေးကွယ် " နူးညံတဲ့အပြုံးတွေနဲ့ပြုံးပြသည်။ တကယ်ခင်ဖို့ကောင်းတဲ့သူတွေပဲ

မြင်ကွင်းကနေ ဒေါ်ကြည်မမ​ပျောက်သွားသည်အထိ စောင့်ကြည့်နေမိသည်။ ငါဟိုကောင်လေးဆီသွားရမှာ ဘာလို့ကြောက်နေမှန်းမသိဘူး...

နောက်တော့ ဘေးနားကကောင်မလေးကို..
" ညီမလေး လူနာရဲ့အခန်းကဘယ်မှာလဲမသိဘူး "

" မနေ့ကအခန်းပဲအကို သူကအပေါ်ထပ်မှာပဲ​နေတာ..ပြီးတော့လိုအပ်တာရှိရင် ညီမနာမည်သာလှမ်းအော်လိုက် "

" ကောင်းပါပြီ "
တဖြည်းဖြည်း နဲ့လူနာကောင်လေးဆီကိုတောင်ရောက်သွားခဲ့ပြီ... ထုံးစံအတိုင်းသူနှစ်သက်တဲ့ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေလေရဲ့

ဒီနေ့ရောငါဘယ်လိုစကားစရပါ့မလဲ...
" မင်္ဂလာပါ ညီ "

သူ့အနောက်ကနေ အသံမပေးပဲစကားပြောလိုက်တာမို့ လန့်သွားသည်ထင်သည်။ ကျွန်တော့်ကိုမနေ့ကအကြည့်တွေနဲ့ပဲ ဒီနေ့လည်းကြည့်တယ်...

သံစဉ်မဲ့တေး(သံစဥ္မဲ့ေတး)Where stories live. Discover now