အခန်း(၁၇)

362 71 6
                                    


'' အချစ်ကြီးသူက ရှုံးတာပဲ
ရှေးလူတွေ ဆုံးမကြတယ်
ဘယ်တတ်နိုင်မလဲ မင်းကိုပဲ
ငါ့ရင်မှာ အကြီးကြီး ချစ်နေပြီ
အရင်လိုပဲ ငါ
အရင်တိုင်းပဲ ဖြစ်မှာပါ.....…။

''ဟံသာအောင် မင်းသီချင်း ဖွင့်ထားတာကြီး ခဏ ပိတ်ပေးပါလား ငါ စာထဲ
အာရုံမရောက်တော့ဘူး ''

ထိုအခါမှ ဟံသာအောင်က TTpod ထဲဖွင့်ထားသော သူ့သီချင်းကို ပိတ်လိုက်တယ်။
စားပွဲပေါ် က ချောကလက်တစ်ခုလည်း
ယူစားလိုက်သေးတယ်။
Dark chocolatesက စိတ်ဖိစီးမှုသက်သာ
စေတယ်ဆိုလို့ တစ်ထုပ်ကြီး ဝယ်ထားရတာ။အဓိကကတော့ တစ်ချိန်လုံး ဖိစီးပြီး
တက်လိုက် ကျလိုက်ဖြစ်နေတဲ့ ခန့်ထည်ဖို့။

Test 4 ရော  test 5 ပါ ဖြေဆိုပြီးချိန်မှာတော့ ကျောင်းကနေ
လာမယ့် ၂ ပတ်ဟာ private study
လိူ့ သတ်မှတ်လိုက်လိုက်တယ်။
ဒါပြီးရင် အားလုံးကြောက်လန့်တကြား
စိုးတထိတ်ထိတ် စောင့်စားနေရသော
Final theory ဖြေဆိုရတော့မှာကိုး။
အားလုံးလည်း class work
တွေ တွက်ပြီးပြီဆိုတော့ ကိုယ်အောင်နိုင်လား မအောင်နိုင်လားလည်း သိနေကြပြီ။
တစ်ချို့သောသူတွေဆို  cw(15%) ပြည့်တဲ့ ဘာသာတစ်ခုကိုပဲ
ရုန်းပြီး ကျန်နှစ်ခုကို supply ယူမယ်
ဆိုတဲ့အသံတွေ ထွက်နေတယ်။ဒါတွေကလည်း နှစ်တိုင်းဖြစ်နေကျ ထဲက တစ်ခုပဲ။

သုဲးဘာသာ revision ကို သည် ၂ ပတ်
တာကာလမှာ ကျုံးလုပ်နေကြပေမဲ့
နွေဦးရာသီရောက်လာတော့ အရာအားလုံး
ပျင်းရိခြောက်သွေ့ပြီး ပူလောင်နေတာမလို့
စိတ်လေလွင့်ကာ အများစုက ထင်သလောက် ခရီးမပေါက်ဘူး။မန္တလေးက ယခင်ထက်
ပူတယ်။ အဆောင်နားက ဗန်ဒါရွက်တွေက
အရင်ထက် ကြွေတယ်။ အခန်းထဲက
ပန်ကာအိုကြီးအောက်မှာ ပူပူလောင်လောင်နဲ့ ဘာစာမှ ခေါင်းထဲ ဝင်မလာကြဘူး။

တစ်နေ့လုံးကုန်သွားမှ အပုဒ်ရှည်လေး
သုံးလေးပုဒ်ပဲ ရတဲ့အခါ သည်တစ်ရက်တော့အကျ်ိုးမဲ့ ဖြစ်ပြီဆိုတဲ့ အတွေးနဲ့ ကျောင်းသားတွေဟာ အနည်းနဲ့အများ အပြစ်ရှိသလိုခံစား ရနေတတ်တာ မဆန်း။ အားလုံးရဲ့ တွက်
က်ိန်းက တစိဘာသာ ၄ ရက်နဲ့ဖြတ်ကျမယ့်
ပလန်ကိုး။ ခုတော့ အပုဒ်ရှည် ခြောက်ဆယ်လောက်စီ ရှိနေတဲ့ တစ်ဘာသာကို
တစ်ရက်မှ သုံးလေးခု တောင်မပြီးတဲ့အခါ
ဖတ်စရာ MCQ သောင်းခြောက်ထောင်က
မှတ်မကုန်လိုက်၊It's key ဖြစ်နေလိုက်(အသေမှတ်မှသာရသော) တွေမလို့ အားလူံးဟာ
စိတ်ခံစားမှု ထိလွယ် ရှလွယ်နဲ့
Emotional threshold နိမ့်နေကျချိန်ပေါ့။(ယခင်လို အစနောက်ပင် သည်းခံနိုင်စွမ်းမရှိ နည်းနညိးနဲ့စိတ်တို)

faces Of True LoveWhere stories live. Discover now