အခန်း(၂၉)

340 67 5
                                    

Unicode

Final exam တိုင်းဟာ သူ့အတွက်
အမြဲ အခက်ခဲမရှိ ဖြေဆိုန်ိုင်တာချည်းသာ
ဖြစ်တယ်။ မအောင်မှာ ပူစရာမလို။

မန္တလေးက်ို ခွဲခွာရခါနီးဆို မြို့ကို လွမ်း
ဆွတ်သလိုလို တစ်စုံတစ်ဦ်းကို လွမ်း
မိသလိုလို။

ပြန်ခါနီး နောက်ဆုံးရက်မလို့
ထင်တယ်။ခန့်ထည်က အဆောင်ထ်ိ
ပြန်တော့ လိုက်ပို့တယ်။ ကားပေါ်က
ဆင်းခါနီး လှမ်းနမ်းဖို့ ကြိုးစားလိုက်ပေမဲ့
ခန့်ထည်က သူ့ကို အနမ်းမခံဘဲ
တွန်းလိုက်တာမလို့
ရှက်ရှက်နှင့်ပဲ ဆင်းခဲ့ရတယ်။
ကျောင်းပိတ်ရက် နှစ်လတာကို ရန်ကုန်
သွားနေမှာမလို့ သူ့ဆီ လာလည်မှာမဟုတ်တဲ့
အကြောင်း ခန့်ထည်က တစ်ခါထဲပြောထား
သေးတယ်။ ဒါကြောင့်လည်း မတွေ့ရတာ
ရက်ကြာရှည်မှာ မပြန်ခင် သူ့ကို နမ်းရှိုက်ခွင့် လိုချင်တာ မှားသွားသလား။

နောက်ရက် မနက်ခင်းထဲက အထုပ်ပိုးတွေ သိမ်းဆည်းပြီးလို့
ကားတောင် ခေါ်ပြီးနေပြီ ။သွားဖို့
၁၅ မိနစ်အလိုကျမှ သူရမိုးမြတ်က
အမောတကောပေါက်ချလာတယ်။
နက်ပြာအနု suit ၊ အည်ိုရောင်နက်ကတိုင်
ရှူးဖိနပ်ကျကျနန စီးထားတဲ့ သူရမိုးမြတ်။
အတော်ရှည်လာတဲ့ သူ့ဆံပင်တွေက်ု
နောက်လှန်တင်ထားပြီး ဘေးနားကို
ပါးထားတော့ မျက်နှာက အတော်ပေါ်လွင်နေတယ်။

'' ပွဲ ကို လာ အားမပေးဘဲ အစ်ကို
ပြန်တော့မလိူ့လား ''

''ဆောရီး ညီလေး  ကား က ခေါ်ထားပြီးသား ဖြစ်နေပြီ''

Fresher welcomeမှာ သူတို့အတန်းက ချောမောပြေပြစ်တဲ့ သူရမ်ိုးမြတ် king
ဝင် လျှောက်ခိုင်းထားတာ ကြားပေမဲ့
သူကိုယ်တိုင်လည်း စာမေးပွဲနဲ့ အလုပ်ရှုပ်
နေလိုက်တာမလို့ မတွေ့တာ အတော်ကြာ
သွားပြီ။ ဘယ်နေ့ ဘယ်ရက်လဲဆိုတာ
သေချာလည်း မမေးမိသလို စိတ်မဝင်စား
တာလည်း ပါတယ်။ အများအားဖြင့်
ခန့်ထည် ကပဲ ခေါင်းထဲ စ်ိုးမိုးနေတာကိုး။

'' မရဘူး ကန်ဆယ်လ် လိုက်တော့
ပွဲမှာ အစ်ကို လာပြီး အားမပေးရင်
ကျွန်တော် ဝင်တောင် အရွေးမခံချင်ဘူး''

နောက်ဆုံးတော့ ချီတုံချတုံ ဖြစ်နေရာကနေ ကားသမားကို အကျိုးကြောင်းပြော
တောင်းပန်ကာ ဖျက်ရတယ်။
သူရမိုးမြတ်နဲ့အတူ ကျောင်းကို လိုက်လာ
ရပြန်တယ်။

faces Of True LoveWhere stories live. Discover now