အခန်း(၂၇)

357 75 10
                                    

Unicode

January လမှာတော့ ဆေးဝါးဗေဒဌာနက
ဦးဆောင်ပြီး သုံးဌာနပူးပေါင်းကာ
Research culture day အတွက်
ပြင်ဆင်ကြတယ်။
တစ်လလုံးလုံး journals တွေရှာ၊
Paper တွေစု ဆေးရုံမှာလည်း data
ကောက်ယူရင်းနဲ့  အချိန်တွေ ကုန်ဆုံးသွားတယ်။

လူအယောက် ၃၀ ပါတဲ့ အဖွဲ့မှာ တစ်ကယ်
အားကြိုးမာန်တက် လုပ်တာက လေးငါးယောက်သာ ရှိတယ်။ presntation တစ်ခု
ရှိတ်ိုင်း ဒါတွေက ဖြစ်နေကျ အရာတွေသာ
ဖြစ်တယ်။  Jan 25 ရက်နေ့မှာတော့
Research culture Day ရောက်ရှိလာပြီး
အောင်ပင်လယ်ခန်းမမှာ ပွဲအကြီးကျယ်
လုပ်ကြတယ်။

ထိုရက်က သူ့အတွက်အကျိုးမြတ်
ရတာတော့ ခန့်ထည် နဲ့ toliet နားမှာ
ခိုးနမ်းဖြစ်တာပဲ။
အားလုံးက ခန်းမထဲ စုရူံးပြီး
နားထောင်နေချိန် ခန့်ထည်က သူ့ကို
လက်တို့ပြီး ခေါ် တာကြောင့် လိုက်လာတော့ Toliet နားအရောက်ကျတော့ မထင်မှတ်ဘဲ ခန့်ထည် အရင် စနမ်းတာကို ခံလိုက်ရတယ်။
ရည်းစားရှိတဲ့သူပီပီ ခန့်ထည် အနမ်းက
ကျွမ်းကျင် သေသပ်တယ်။မိန်းမောစေတယ်။ဘေးနားက အရာရာကို မေ့သွားစေတယ်။စက္ကန့်ဝက်လောက်သာ ကြာလိုက်ပေမဲ့ သူ့မှာ မာရသွန်ပြေးလိုက်ရသလိုပဲ။
အသက်ရှူဖို့ မေ့သွားလို့။ နမ်းလို့ ခွာလိုက်ချိန် ခန့်ထည် မျကိနှာကတော့ ခပ်တည်တည် သူမဟုတ်သလို။ နှစ်ယောက်လည်း
ခန်းမထဲ ပြန်ရောက်တော့ အိန္ဒြေမပျက်
ဆက်နားထောင်နေပေမဲ့ သူ့မှာ ခန့်ထည်
အနမ်းကို မေ့လို့မရဘူး။
သူ့အလှည့်ပြောရမယ့် စာကိုတောင်
အာရုံစိုက်မဖတ်နိုင်ဘဲ ဘေးနားက ခန့်ထည် နှုတ်ခမ်းပါးလျလျတွေကိုပဲ ခိုးကြည့်နေမိတယ်။
အရသာရှိတဲ့ စတော်ဘယ်ရီသီးလေး
စားလိုက်ရသလိုပဲ လို့ အောက်မေ့ရင်း
တစ်ယောက်တည်း တြိတ်ပြုံးမိတယ်။
စတော်ဘယ်ရီ ချစ်သည်းရှင် သီချင်းကိုတောင် သတိရရင်း ဆိုမိလုနီးပါးပဲ။

ပွဲပြီးတော့
သူတို့က( က) အုပ်စုလည်း
Paper ဒုတိယဆု ရတာမလို့
ပျော်စရာကောင်းသွားတယ်။လုပ်ရကျိုး
နပ်သွားတယ်။
ရတဲ့ပိုက်ဆံနဲ့ supervisor ဆရာမ သုံး
ယောက်ကို ကန်တော့ပြီး ကျန်ငွေနဲ့
တစ်ဖွဲ့လုံး မုန့်သွားစားဖြစ်ကြတယ်။

faces Of True LoveWhere stories live. Discover now