အခန်း(၃၄)

371 67 4
                                    

Unicode

ကျောင်းကို တစ်ပတ်လောက်ထိ
ပျက်ပြီး နောက်မှာတော့ Supervisor
ဆရာက ခေါ် တွေ့တာမလို့ သွားရတော့
တယ်။ သူ့ကို အဖွဲ့ပြောင်းပေးဖို့
အတင်းအကူညီတောင်းထား တာကြောင့်
မတတ်သာတဲ့အဆုံး အတော်ညှိယူပြီးမှ
ဆရာက သူ့ကို နိုင်မင်းသူတို့အုပ်စုထဲ
ထည့်ပေးလိုက်တယ်။ သူ ကွင်းဆင်းရမယ့်
မြို့နယ် ပြောင်းသွားတော့တာပေါ့။

ပြီးခဲ့အပတ်မှာ ဖြစ်ခဲ့သော အခြေနေတွေအရ ခန့်ထည် တို့ အဖွဲ့က သူ့ကို လုံးဝ လက်မခံဘူး။သူ့အနေနဲ့လည်း မျက်နှာပြောင်ပြောင်
အရှက်မရှိ ဆက်မနေနိိုင်တာကြောင့်
ဆရာဖြစ်သူ အကူညီနဲ့ နိုင်မင်းသူတို့
အဖွဲ့ဆီ ပြောင်းဖို့ ကြိုးစားခဲ့ရတာ။


ခက်ခဲနေတဲ့ နာမည်ဆိုးထွက်နေတဲ့
ကာလတွေမှာ သူငယ်ချင်းအစစ်မှန်
တွေကို တွေ့ရတာပါပဲ။ နိုင်မင်းသူ၊ခိုင်
မင်းသော်၊ဟံသာအောင်တို့ကတော့
သူ ဘာပဲဖြစ်ဖြစ် လက်ခံတယ်။အားပေးတယ်။
ဇာတ်လမ်းစုံကို ကြားသ်ိရပြီးနောက်
ခန့်ထည် ကို လည်း မေ့လိုက်ဖို့ အကြံပေး
တယ်။

ချစ်တဲ့လူကို ဘယ်လိုမေ့ချင်တိုင်း
မေ့လို့ရမှာလဲ။


စက်တင်ဘာလကုန်မှာတော့
ကွင်းဆင်းလေ့လာရေးကို နီးစပ်ရာ
မြို့နှစ်မြို့စီ စုဖွဲ့လို့ express ကားကြီးငှားလို့ ထွက်ခဲ့ကြတယ်။ သူတ်ို့ကတော့
မင်းလှအဖွဲ့အတူ ပေါ့။မြို့နှစ်ခုက
မိုင်နည်းနည်းသာခြားတယ်။


မန္တ​ေလးက​နေ ၆ နာရီနီးပါး ကားစီး
ပြီးနောက်မှာတော့ မိုင် ၁၉၀
ကျော် ကွာဝေးသော မင်းဘူးမြို့ကို
ဆိုက်ရောက်တယ်။

ရေနံမြေ ပိီပီ ပူလိုက်သည် မှာ အလွန်မင်း။
ရေတွင်းတူးရင် ရေမထွက်ဘဲ ရေနံသာ
ထွက်လို့ သုံးရေကို ဧရာဝတီမြစ်ရေတင်
စီမံကိန်းက တစ်ဆင့် ဖြန့်ဝေရတယ်။
ရေချိုတွေကတော့ မြို့ပြင်ဘက်
ရွာတွေက ရေတွင်းနေက တစ်ဆင့်
မြို့တွင်းကို ဖြန့်ဖြူးပေးတယ်။

ဆေးရုံနှင့် ဧရာဝတီမြစ်ကမ်းပါးက
တစ်ပြသာ လှမ်းတာမလို့ အတော်ကို
နီးကပ်တယ် ပြောရမယ်။
နှစ်ထပ်တိုက်ဆောင်မှာ နေရာရပြီး
ဆေးရုံအုပ်ကလည်း နွေးနွေးထွေးထွေးကြို
ဆိုတယ်။

faces Of True LoveWhere stories live. Discover now