အခန်း(၁၄)

371 72 10
                                    


'' ညီလေး ... မနက်စာ စားခဲ့ပြီလား ''

''မစားရသေးဘူး အစ်ကို ..
အစ်ကို နဲ့မှ အပြင်မှာ အတူ စားမလားလို့ ''

သူရမိူးမြတ်က ခေါင်းခါပြတယ်။
သူရမိုးမြတ် ဝတ်စားထားပုံက သပ်သပ်ရပ်ရပ် စမတ်ကျကျ။ ဂျင်းပန်အပြာနု ဘောင်းဘီတိုရယ် အနက်ရောင် ဗြောင်တီရှပ်ကြောင့် ဖြူဆွတ်တဲ့ အသားရေကို ပိုပေါ်လွင်စေတယ်။အရင်တစ်ခေါက်က စစ်ကေလိုထက်စာရင်အနည်းငယ်ရှည်ပြီး သပ်တင်ထားလို့ လူကြီးတောင် နည်းနည်းပိုဆန်လာတယ်။

'' အစက တော့ အစ်ကို့ဆိုင်ကယ်နဲ့
လာခေါ်မလို့ပဲ ...အစ်ကို့ သူငယ်ချင်း
တစ်ယောက်က လိုက်ပို့မယ်ဆိုလို့ ''

ကားထဲ ဝင်ထိုင်မိတော့ ခန့်ထည်နဲ့
မိတ်ဆက်ပေးရတယ်။

'' ခန့်ထည် ... ဒါက ငါ့ ညီ သူရမိုးမြတ်တဲ့''

'' ညီလေး ...ဒါက အကို့ အချစ်ဆူံးသူငယ်ချင်း ခန့်ထည် တဲ့''

'' ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်
အစ်ကို ''

သူရမိုးမြတ်က ပြုံးရင်း ခေါင်းငြိမ့်
နှုတ်ဆက်ပေမဲ့ ခန့်ထည်က တစ်ချက်
ကြည့်ကာ ဘာမှ ပြန်မပြောဘူး။
ရှေ့က ကားတန်းကြားက ထွက်ဖို့သာ
အာရုံနေပြုနေတယ်။
သူ့ စိတ်ထင်ပဲလား မသိပေမဲ့ ခန့်ထည်
အပြုမူက ရိုင်းသလိုလို ဖြစ်နေတယ်။

'' သူရ ...ဘာစားချင်လဲ ''

နောက်ဘက်ကို လှည့်ရင်း မေးလိုက်တယ်။

'' အစ်ကို စားချင်တဲ့ ဆိုင်ပဲ သွားလိုက်ပါလား ကျတော် က ဘာဖြစ်ဖြစ် ရပါတယ်''

'' အာ့တာဆို ...ခေါက်ဆွဲစားကြမလား
မုန့်တီ ဖြစ်ဖြစ် ''

'' ဟုတ် ''

သူရမိုးမြတ်က သူပြောတဲ့အတိုင်းပဲ
သဘောတူတယ်။

သူ့ခြေထောက်ကို လာကန်တာမလို့
ကြည့်လိုက်တော့ မျက်နှာသိပ်မသာမယာ
ဖြစ်နေတဲ့ ခန့်ထည်။ ရှေ့ကိုကြည့်ရင်း
မောင်းနေပေမဲ့ သူ့ဖက်ကိုလည်း
လှည့်လိုက်သေးတယ်။

‌'' ငါ့ ကို ဘာလို့ အရင်မမေးတာလဲ
ငါ တော့ ရှမ်းခေါက်ဆွဲပဲစားချင်တာ ''

faces Of True LoveWhere stories live. Discover now