အခန်း(၅၁)

352 57 5
                                    

'' လောလောဆယ်တော့ လူနာကို အိပ်ဆေးနဲ့
စိတ်ငြိမ်ဆေး ထိုးပေးထားတယ် ...
တခြားလိုအပ်တဲ့ အားဆေးတွေလည်း လိုင်းက
တစ်ဆင့် ချိတ်ပေးထားပါတယ်  သူ
နိုးလာရင်တော့ အသေးစိတ် ပိုဆွေးနွေးပေး
လို့ရမယ်ထင်တယ်..''

စိတ်ရောဂါကု ဆရာဝန်ကြီး က လုပ်ထား
သော ကုသမှုတွေကို သေချာရှင်းပြတယ်။
လူနာရှင်အနေနဲ့ သူရမိုးမြတ်ရော ၊
နိုင်မင်းသူပါ အတူ ရှိနေကြတယ်။
အထူးကုဆေးရုံ ရောက်ပြီး နာရီဝက်
အကြာမှာပဲ အထွေထွေသမားတော်
လာကြည့်ပြီး လိူအပ်တဲ့ ကုသမှုပေး
သွားတယ်။ ထို့နောက်တော့ စိတ်ကျန်းမာရေး အထူးကု ဆီ လွှဲပေးတယ်။
နေ့လယ် ၁  နာရီကျော်မှာတော့ စိတ်ကျန်းမာ
ရေးအထူးကု ဆရာဝန်ကြီး လာကြည့်ပြိီး
သေချာ ထပ်ရှင်းပြတာပဲ။

''  သားတို့လည်း part twoဆိုတော့
Psychiartry အကြောင်း နည်းနည်းပါးပါးတီးမိ ခေါက်မိတော့ ရှိမှာပါ ...  အခု
မောင်ကျော်သီဟ ဖြစ်သွားတာက acute
Psychosis ရသွားတဲ့ပုံစံမျိုးပဲ
သူ မက်လေ့ရှိတဲ့ အိပ်မက်ဆိုးက အရာတွေ
ကို အပြင်မှာ မြင်ယောင်လာတဲ့ Haullcination
ထိကို ဖြစ်လာတာပဲ ...
တစ်ပုံစံ ထဲ အိပ်မက်ဆိုးတစ်ခုကို မက်
လာခဲ့ပုံထောက်ရင် နောက်ခံဖြစ်စေတဲ့
အကြောင်းရာက စိတ်ကူးယဉ်မှုသက်သက်
မဟုတ်ဘဲ အပြင်မှာ အမှန်တစ်ကယ် ဖြစ်ခဲ့တာ
ရှိန်ိုင်တယ်..ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ
အကြောင်းရာက သူ့ကို စိတ်ဖိစီးမှု ပေးတဲ့အခါ ပြန်ပြန် ဆွသလို မျိုးဖြစ်တာပေါ့.PTSD နဲ့တွဲနေတာမျိုး ဖြစ်န်ိုင်တယ်
... လူနာရှင်ပြောပုံအရဆိုရင်တော့
မောင်သီဟ ကိုယ်တ်ိုင်ကလည်း ဒီဖြစ်ခဲ့တာ
ကို သေချာ မမှတ်မိပုံပဲ ..
နောက်ခံအကြောင်းရာကို သိရရင်တော့
သူ့ကို psychological counselling
လုပ်ပြီး ကုသရာမှာ ပိုပြီး အကျိုးရှိလိမ့်
မယ်လို့ ဆရာ ထင်တယ်''

'' ဟုတ်တဲ့ ဆရာ
သိရတဲ့ အခါကျ ဆရာ့ကို အသိပေးပါ့မယ်''

သူရမိုးမြတ်က ရိုရိုကျိုးကျိုးဖြေတယ်။
ဆရာဝန်ကြီးက နောက်ရက် ထပ်လာကြည့်ပေးမယ်ပြောပြီးနှုတ်ဆက်လို့ အခန်းထဲက ပြန်ထွက်သွားတယ်။

သူရမိုးမြတ်က ငြိမ်သက်စွာ အိပ်မောကျနေ
တဲ့ သီဟဘေးနား ထိုင်လို့ စောင့်ကြည့်နေတယ်။ ဖြူလျော့နေသော မျက်နှာလေး
က ဆိတ်ငြိမ် နေတယ်။နှုတ်ခမ်းဖျော့တော့တော့တွေဟာ ပ်ိတ်စေ့နေပြီး
ဘာတောင်စဉ်ရေမရမှ ရွတ်နေခြင်းမရှိဘူး။
သီဟ လက်ခုံလေးကို သူ့လက်ဖြင့်
ခပ်ဖွဖွ  အသာအုပ်ကိုင်ထားမိတယ်။

faces Of True LoveWhere stories live. Discover now