ပထမဆုံးမို့ part1

169 7 3
                                    

ကျွန်တော့်နာမည် ဇင်ကိုပါ ကျွန်တော်ကအရမ်းလည်းဆိုးတယ် ခပ်ချေချေကောင်လေးတယောက်ပေါ့
ကျွန်တော်ကရည်းစားလည်း ရှုပ်တယ် ကျွန်တော်ကရည်းစားသာထားတာ တကယ်ချစ်တဲ့လူခုထိမတွေ့သေးပါဘူး
ကျွန်တော်က ကျောင်းလည်းခနတိုင်းပြေးတယ် အိမ်ကလည်းမချမ်းသာဘူး ပြောရမယ်ဆိုရင် ကျွန်တော်က ခပ်ဆိုးဆိုးလူတယောက်ပေါ့
ကျွန်တော်ကောင်မလေးတယောက်ကို သတိထားမိတယ် တော်တော်ကြာနေပြီ တခါတလေကျွန်တော်သူ့ကို
ခိုးခိုးကြည့်မိတယ် အဲ့ကောင်မလေးကအသားလေးကညိုညိုလေး ရယ်လိုက်ရင်သွားထက်ကလေးနဲ့ တော်တော်တော့ ချစ်စရာကောင်းတယ်ဗျ အဲ့ကောင်မလေးနာမည်ကသဲတဲ့ နာမည်အတိုင်းပဲ လူလေးကလည်းခန္ဓာကိုယ်သေးသေးလေးနဲ့ ချစ်စရာကောင်းတယ် တချိန်မှာတော့ကျွန်တော်သူ့ကိုချစ်နေမိပြီဆိုတာ ကျွန်တော်သိလိုက်ရတယ်
ကျွန်တော်သူနဲ့ခင်မင်လာတာကြာပါပြီ ဒါပေမယ် ကျွန်တော်သူ့ကို ဖွင့်ပြောဖို့သတ္တိမရှိခဲ့ပါဘူး အဲ့ဒါနဲ့သူ့ဘေးနားက
သူငယ်ချင်းက ကျွန်တော့်ကို ဖွင့်ပြောဖို့တိုက်တွန်းတယ်
'ဟဲ့ ဇင်ကိုနင်သူ့ကိုကြိုက်လာတာကြာပြီ နင်အခုချိန်ထိသူ့ကို ဖွင့်မပြောသေးဘူးလား'
'နင်သိတယ်ပေါ့ ဟုတ်လား ဘယ်အချိန်တည်းကသိတာလဲ'
'ငါသိတာကကြာပြီ ငါလည်းအကင်းပါးပါတယ်ဟ'
'အော် အေး'
'အေးလုပ်မနေနဲ့ နင်ဖွင့်ပြောဖို့စိတ်ကူးမရှိဘူးလား'
'ငါပြောတော့ပြောချင်ပါတယ် ဒါမဲ့ငါသတ္တိမရှိဘူးဟ
သူငါ့ကိုစိတ်ဆိုးသွားမှာလည်ူကြောက်တယ်ဟ'
'နင်နော် နင်အခုနေတုန်းဖွင့်မပြောရင်နောက်ကျသွားလိမ့်မယ်'
'ဘာနောက်ကျမှာလဲ'ကျွန်တော်မျက်လုံးပြူးပြူးနဲ့သူ့ကိုမေးလိုက်တယ်
'ဒီလိုဟ နင်ကလည်း နင်သာအခုမပြောရင်သူ့ကိုတခြားသူကလက်ဦးသွားလိမ့်မယ်လို့ပြောတာ အရူးရဲ့'
'အော် အေး အာ့ဆိုငါဒီနေ့ပဲဖွင့်ပြောလိုက်တော့မယ်ဟာ''နင်သေချာလား ဟုတ်မှလည်းလုပ်နော်'
'တကယ်သေချာတယ်'လို့ပြောလိုက်တယ်
'အာ့ဆိုငါညနေကျရင် သဲကိုကျောင်းရှေ့ကပန်းခြံကိုခေါလာခဲ့မယ်နော်'
'အေး'
'နောက်မကျစေနဲ့'
'အေးပါ'ကျွန်တော်ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ် ကျွန်တော့ဆုံးဖြတ်ချက်မှန်ရဲ့လားတောင်ကျွန်တော့်ကိုယ်ကျွန်တော်မသိတော့ပါဘူး ညနေရောက်တော့ ကျွန်တော်ကျောင်းရှေ့က ပန်းခြံမှာစောင့်နေလိုက်တယ် သဲလာတော့
ကျွန်တော်'ရင်ခုန်လိုက်တာ'ကိုယ့်ကိုကိုယ်ရေရွတ်နေမိတယ် ကျွန်တော့်ဘဝမှာ ဘယ်သူ့ကိုမှလည်းရင်မခုန်ဖူးသလို ဘယ်သူ့ကိုမှလည်းမချစ်ဖူးပါဘူး သဲက ကျွန်တာ့်အတွက် ပထမဦးဆုံးနဲ့နောက်ဆုံးချစ်ရသူပါပဲ သူကလွဲရင်
တခြားသူကိုထပ်ချစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး လို့
သဲကိုကြည့်ရင်ကျွန်တော်တွေးနေမိတယ်
'ဟဲ့ ဇင်ကို ဇင်ကို ဇင်ကို'လို့ခေါနေပေမယ့် သဲခေါနေတာကို ကျွန်တော်မကြားမိ။ကျွန်တော်အတွေးတွေလွန်နေတယ် သဲကျွန်တော့်ကိုရိုက်ပြီးခေါလိုက်တော့မှ ကျွန်တော်လန့်သွားပြီး'ဟင်'ဆိုပြီးထူးလိုက်မိတယ်'
'နင်ဘာဖြစ်နေတာလဲ နင့်ကြည့်ရတာမတည်မငြိမ် ခါတိုင်းနဲ့မတူသလိုပဲ'
'အော် ငါလား ဘာမှမဖြစ်ပါဘူး ဒီတိုင်းပါပဲ'
'အာ ဒါနဲ့ငါ့ကိုပြောစရာရှိတယ်ဆို ဟုတ်လား'
'အေး'
'ဘာပြောမှာလဲ ပြောလေ'
'ငါ ငါ ငါလေ'
'ဟဲ့ပြောစရာရှိတာပြောလေ တစ်ငါငါနဲ့ဘာလို့စကားတွေထစ်နေတာလဲ'
'အေး နင်ငါ့ကိုစိတ်ဆိုးသွားမှာလည်း ကြောက်တယ် '
'ပြောပါ နင်ကလည်းဘာကိစ္စမို့လို့လဲ'
'အေး ငါနင့်ကို အရမ်းချစ်တယ်'
'အော် အဲ့တာလား'
'နင် နင် နင် သိနေတာလား'
'စကားတွေကလည်းထစ်နေပြန်ပါပြီ ငါရိပ်မိတာကြာပြီ
ဒါမဲ့ငါစိတ်မဆိုးပါဘူး'
'အေး ငါ့အချစ်ကိုယုံကြည်ပေးပါ သဲရယ်'
'ငါယုံပါတယ် နင့်ကို'
'ဒါဆိုနင်ငါ့ကိုအဖြေပေးချင်တဲ့အချိန်ကျမှ ငါအလောမကြီးပါဘူး ငါစောင့်နိုင်ပါတယ်'
'ငါနင့်ကို ချစ်တယ်'ဆိုတဲ့သူမအပြောကြောင့် ကျွန်တော်
သူမကိုတအံ့တသြငေးကြည့်နေမိတယ်
'တ တ တ တ တကယ်ပြောနေတာလား'
'ထစ်နေပြန်ပြီ အေးတကယ်ပြောတာပေါ့ဟ '
'ငါဝမ်းသာလိုက်တာ'ကျွန်တော်သဲကိုသွားဖက်မိတယ်
သဲကတော့ရီပဲရီနေတော့တယ် သူတို့၂ယောက်ပျော်ရွှင်
ကြည်နူးနေဲ့အချိန်မှာ သူတို့နောက်ကနေတဲ့ ဒေါသမီးနဲ့ကြည့်တဲ့ မျက်လုံးတစ်စုံရှိနေတယ်ဆိုတာ သူတို့သတိမထားမိပေ။
သဲတို့အိမ်ကမိဘတွေကသဲကိုစည်းကမ်းတင်းကြပ်တော့ ဖုန်းတောင်ပြောလို့မရခဲ့ တခါတလေ သူ့မိဘတွေ အိမ်မှာမရှိတော့တဲ့အခါမှသာလျင်ပြောလို့ရခဲ့တယ်အိပ်ခါနီးကျတော့ ကျွန်တောသူ့ကိုMessageပို့လိုက်တယ်
'သဲ အိပ်ပြီလား'
'ဟင့်အင်း မအိပ်သေးဘူး ဘာလို့လဲ'
'ဘာမှမဖြစ်ပါဘူး ဒီတိုင်းပဲသဲကိုလွမ်းလို့'
'အော်'
'ဘာ အော်လဲ သဲရောကိုယ့်ကိုမလွမ်းဘူးလား'
'ညနေမှတွေ့လာတာကို'
'မလွမ်းဘူးလားလို့ဆိုနေ😗😗'
'လွမ်းတာပေါ့ ကိုကလည်း'
'သဲ ကိုယ့်ကိုဘယ်လိုခေါလိုက်တယ်'
'ကိုလို့ ခေါလိုက်တာလေ ဘာလဲမကြိုက်ဘူးလား မကြိုက်ရင်လည်းမခေါတော့ဘူး'
'မဟုပါဘူး သဲအဲ့လိုခေါတာလေးကိုကပြန်ကြားချင်လို့မေးကြည့်တာပါ ကိုကြိုက်ပါတယ် နောက်နေ့လည်း အဲ့လိုပဲခေါနော်'
'အင်း '
'ကို သဲကိုအရမ်းချစ်တယ်နော်😘😘😘'
'သဲလည်း ကို့ကိုချစ်တယ်နော်😘😘😘'
'Good nightသဲ ညကျရင်ကို့ကိုအိပ်မက်ထဲထည့်မက်နော်'
'အင်း good night ကိုလည်းသဲကိုအိပ်မက်ထဲထည့်မက်နော်'
'စိတ်ချ သဲမပြောလည်းကိုကထည့်မက်မှာ'
'အင်း ဒါပဲနော်'
'အင်း'၂ယောက်သားအပြုံးကိုယ်စီထွေးပိုက်ပြီး အိပ်စက်ခြင်းကိုကူးပြောင်းလေသည်။

ကျွန်မရဲ့first ficလေးပါ အားပေးကြပါအုံး
အမှားပါရင်လည်းခွင့်လွှတ်ပါ နောက်တပိုင်းတော့နောက်နေ့မှဆက်တင်ပေးပါ့မယ်


https://my.w.tt/jMCjzBrzUbb

ပထမဆုံးမို့Where stories live. Discover now