∆ONE∆

17K 765 18
                                    

Unicode

ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့.... သာယာ‌ေသာမနက်ခင်းဝယ်.... စိတ်လှုပ်ရှားစရာသတင်း.. တစ်ခု.... အကြီးအကျယ်ပင်.. ပျံ့နှံ့နေသည်.....

ထိုသတင်းကတစ်ခြားမဟုတ်.. ကိုးရီးယားနိုင်ငံရဲ့... ထိပ်တန်း... companyနှစ်ခုက. CEOနှစ်ယောက်လက်ထပ်သော သတင်းပင်..

ထို့ပြင်. CEOနှစ်ယောက်မှာလဲ... အပျိုလူပျိုများမဟုတ်ကြ.. တစ်ခုလတ်အိမ်ထောင်သည်များဖြစ်သည်.. သူတို့ကတော့ CEO Park Sung Hoနဲ့ CEO Lee Ji sungပင်..

နှစ်ယောက်လုံးမှာ အရွယ်တူ သား၂ယောက်လဲရှိသည်.... စီးပွားရေးလောကမှာ အတော်နာမည်ကြီးတဲ့လူနှစ်ယောက်မို့. ပိုပြီး.. အုံကြွနေခြင်းပင်.

နှစ်ယောက်လုံးက စီးပွားရေးသမားပီပီ... အလုပ်အကိုင်ပိုတိုးတက်စေဖို့.. လက်ထပ်ခြင်းပင်... အချစ်ဆိုတာ လားလားမှမရှိ.. ဒါကိုလဲ သတင်းစာရှင်းလင်းပွဲ၌... ပွင့်ပွင့်လင်းလင်း‌ေပြာပြခဲ့၍. လူအတော်များအံ့သြနေကြသည်...

လက်ထပ်ပီး.. company နှစ်ခုကိုပူးပေါင်းကာ.... စီးပွားတက်သထက်တက် အောင် ရုန်းကန်ကြသည်.... ပါလာတဲ့သားနှစ်ယောက်ကတော့... အသက်၁၀နှစ်အရွယ်သာရှိသေးသည်..

Park Sung Hoရဲ့သားPark Jiminနဲ့Lee Ji Sungရဲ့သားLee Byung Sooပင်..
အဖေပါအမေပါလို့ ပြောရလောက်အောင်ပင်.. သူတို့၂ယောက်မှာ. မတည့်ကြ....

လောဘကြီးပီး... မနာလိုတတ်တဲ့Lee Byung Sooကအမြဲ Park Jiminအားရန်စသည်... Jiminမှာလဲငြိမ်မခံ... ချစ်ရတဲ့အမေကိုကွာရှင်းတာမှမကြာသေး. နောက်အိမ်ထောင်ပြုသောအဖေ့ကိုလဲစိတ်နာမိသည်...

အမေလဲ.. သူ့ကိုထားခဲ့ပီးနိုင်ငံခြားထွက်သွားလေပီ... အမေကလိုက်ခဲ့ဖို့ ပြောပေမဲ့.. သူကိုယ်တိုင်ကမလိုက်ခြင်းပင်.. အဖေ့နားနေပီး.. အဖေမက်တဲ့စည်းစိမ်တွေကို... ပြုတ်အောင်ဖြုန်းပစ်မည်ဟူသော... နာကျည်းစိတ်ကြောင့်ပင်...

အဖေယူတဲ့နောက်မိန်းမကိုလဲ မုန်းသလို ပါလာတဲ့ သားကိုလဲမုန်းသည်... အချစ်မရှိဘဲယူတဲ့အဖေတို့အိမ်ထောင်ရေးက သာယာပါ့မလားဆိုတာလဲတွေးမိသေးသည်....

"Lie" [Uni & Zaw]Where stories live. Discover now