Unicode
13.11.2020
Congratulations ပါ..
Jimin. တစ်လအတွက်း မန်နေဂျာရာထူးသို့တိုးသွားလေသည်.. ဝန်ထမ်းအားလုံး.. ဂုဏ်ပြုပေးပီးဝမ်းသာနေပေမဲ့ byungsooကတော့မကျေနပ်.. သူ့တုန်းက.. ၅လနေမှတိုးခဲ့တဲ့ရာထူးက jiminအတွက်ကျ ၁လထဲနဲ့ အဲ့လောက်တောင်လွယ်နေတာလား...ခုဆို သူလဲမန်နေဂျာ.. jiminလဲမန်နေဂျာ... မတူတာဆိုလို့ ခွဲယူထားတဲ့.. လုပ်ငန်းပိုင်းသာကွာသည်... ပြောရရင် ၂ခုပူးပေါင်းထားတဲ့companyကို တစ်ခုဆီ ခွဲယူဦးဆောင်လိုက်သလိုပေါ့...
ဝန်ထမ်းတွေကြားပြုံးပျော်နေတဲ့ jiminကိုကြည့်ပီး သူ့ရင်ထဲ အလိုမကျမှုတွေ တစ်ရစ်ရစ်တိုးလာသည်.. ကြည့်နေလိုက်jiminမင်း အပြုံးတွေ မကြာဘူးပျောက်ကွယ်စေရမယ်..
Jimin ရာထူးတိုးသွားတာကြောင့် ပျော်နေမိသည်.. တဖြေးဖြေး တလှမ်းချင်း. တစ်ဆင့်ချင်း တက်ပြီး မေမေ့ဆန္ဒကိုဖြည့်ဆည်းပေးပါ့မယ်...
ရာထူးတိုးအထိမ်းအမှတ်နဲ့ companyညစာစားပွဲရှိတာကြောင့် ညနေjeonအားလာမကြိုရန် messageပို့ထားလိုက်သည်..
တစ်ဖက်က messageရတဲ့ကောင်လေးကတော့.. ဂုဏ်ပြုပါတယ်ဆိုတဲ့ စာကြောင်းလေးနဲ့အတူ... ညဘက်တွေ့ဖို့ကိုစီစဥ်ထားလေသည်..ညစာစားပွဲ၌.. အရာရာပျော်စရာကိစ္စတွေ.. လွတ်လွတ်လပ်လပ်ပြောနေပေမဲ့. Byungsooတစ်ယောက်သာ ဆန့်ကျင်စွာ အဖျက်စကားတွေသာပြောနေလေသည်.. သည်းခံထားရတာလဲ တော်တော်မလွယ်တဲ့ကိစ္စပင်...
စားသောက်ပြီးပြန်လာတော့မိုးတောင် အတော်ချုပ်နေပြီမို့. အိမ်ကိုသာတန်းပြန်ဖို့စဥ်းစားလိုက်သည်. Taehyungနဲ့လဲ. မနက်ဖြန်ညမှ ၂ယောက်ထဲ ပါတီကျင်းပတော့မည်... taxiငှားလို့ရပေမဲ့.. လမ်းလျှောက်ချင်တာကြောင့် တစ်ယောက်ထဲလမ်းလျှောက်ပြန်လာလိုက်သည်..
လမ်းကလဲတိတ်ဆိတ်နေသလို... ခွေးဟောင်သံတချို့ကိုလဲကြားရသည်... နောက်ကလိုက်လာတဲ့ ခြေသံသဲ့သဲ့ကိုလဲကြားရပြန်သည်.သောက်ထားလို့စိတ်ထင်တာပါဆိုပြီး နှစ်သိမ့်နေပေမဲ့ တစ်ဆတစ်ဆကြားလာရတဲ့အသံက ကျယ်လောင်လာသည်... အိမ်ရောက်ဖို့လဲ နည်းနည်းအလှမ်းဝေးသေးတာမို့ ပုံမှန်ထက်ခြေလှမ်းတို့ကိုခပ်သွက်သွက်လျှောက်လိုက်သည်..
YOU ARE READING
"Lie" [Uni & Zaw]
FanfictionJJK 💫 PJM 🌫️Own Creation🌫️ Start ★29.9.2020★ End ★7.12.2020★