Unicode
1.12.2020
Barတစ်ခုမှာ Jungkookမူးလောက်အောင်ကို သောက်နေလေသည်... တစ်ဆက်တည်းမှာဘဲ ပထမတခါက အလိမ်ခံရတုန်းက အားပေးခဲ့တဲ့ ကောင်လေးကိုမြင်ယောင်လာသည်...
အဲ့တုန်းထဲက ကို့ကိုလိမ်ညာခဲ့တာလား ကလေးငယ်... အချစ်ဆိုတာထူးဆန်းတယ်.. အလိမ်ခံရပြီး ခံစားချက်တွေလှည့်စားခံခဲ့ရကတည်းက. လိမ်ညာတာကိုမုန်းပြီး.. နာကျည်းခဲ့သည်..
သို့ပေမဲ့ ကိုအချစ်ရဆုံးသူတစ်ယောက်ကလဲ ထပ်ပြီးလိမ်ညာခဲ့ပြန်သည်.. ဒါမဲ့.. အပြစ်မတင်ချင်ဘူးကလေးငယ်.. ကို အ ,လို့.. ကိုခံရတာလို့ဘဲ သဘောထားတယ်...
၂ရက်ဆက်တိုက် နေ့နေ့ညည မူးအောင်သောက်ပြီး အခန်းတွင်းအောင်းနေသည်. နောက်ပြီး... သေချာတဲ့ဆုံးဖြတ်ချက်ချဖို့သူတွေးနေသည် ... အကယ်၍ကလေးငယ်သာ သူ့ဆီခုချိန်လာခဲ့ရင် ခွင့်လွှတ်ပေးပြီး အဆင်ပြေအောင်နေမယ်လို့တွေးထားခဲ့ပေမဲ့ ကလေးငယ်ဟာရောက်မလာပါ..
ဒီလိုဆက်နေနေရင် ဘာမှလဲမထူးတဲ့အပြင် ကလေးငယ်ကို. သူစိမ်းတစ်ယောက်လိုရင်ဆိုင်ရမှာလဲ ကြောက်တာကြောင့် သူနိုင်ငံခြားသွားဖို့ဆုံးဖြတ်လိုက်သည်..သို့ပေမဲ့ ကလေးငယ်များ သူ့အားလာ ရှာလေမလားဆိုတဲ့စိတ်နဲ့ ကလေးငယ်တွက် စာတစ်စောင်ရေးထားခဲ့မိတယ်.. ဟက်.. ကိုဘာတွေလုပ်နေမှန်းမသိတော့ဘူးကလေးရယ်...
သင်တန်းကိုလဲပိတ်ပြီး... အိမ်ကတော့ကိုယ်ပိုင်အိမ်မလို့. သော့သာပိတ်ခဲ့သည်... တိုက်ဆိုင်ချင်တော့ သူ့အားစေ့စပ်ဖိတ်စာလာဖိတ်တဲ့ နာယောင်းနဲ့ဆုံသည်...
Ny:Jungkook
Jk:Nayoung
Ny:သင်တန်းသွားတာပိတ်ထားလို့.
Jk:အင်း
Ny:ငါ့ရဲ့စေ့စပ်ဖိတ်စာလာဖိတ်တာ ဘာဘဲပြောပြော နင်ကငါ့သူငယ်ချင်းဘဲမလား
Jk:စိတ်မကောင်းပါဘူးနာယောင်း ငါလာနိုင်မယ်မထင်ဘူး..Ny:Wae?
Jk:ငါ. ငါ့မိဘတွေဆီသွားတော့မလို့
Ny:ဟမ်..
Jk:နောက်ပြီး တောင်းဆိုပါရစေ..အကယ်၍ jiminလာရှာခဲ့ရင် ဒီစာလေးပေးပေးပါ..
Ny:အာ အင်း.. ဒါနဲ့jungkookနင်ပြန်လာမှာမလား
Jk:မပြောတတ်ဘူး . ငါသွားတော့မယ် စေ့စပ်ပွဲကိုဂုဏ်ပြုပါတယ်..
YOU ARE READING
"Lie" [Uni & Zaw]
FanfictionJJK 💫 PJM 🌫️Own Creation🌫️ Start ★29.9.2020★ End ★7.12.2020★